သတင်းမီဒီယာသမားများကို စစ်ကြောရေးစခန်းများသို့ ခေါ်ယူစစ်ဆေးခြင်းနှင့် တရားရုံးများတွင် ခေါ်ယူ စစ်ဆေးကာ ထောင်ဒဏ်ချမှတ်ခြင်းသည်သတင်း သမားများကို ထိသကဲ့သို့ ၎င်းတို့ကို ထိသလို ခံစား ရကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောသည်။
ဇူလိုင်လ ၂၆ရက်ကသတင်း ထောက်များနှင့်တွေ့ဆုံစဉ်ယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
““ရှေ့လာမယ့် အနာဂတ် ကောင်းအောင်လုပ်တဲ့အခါမှာ သတင်းသမားတွေကို ထိခြင်းဟာ ကျွန်တော် တို့ကို ထိသလိုခံစားရ တယ်””ဟု မင်းကိုနိုင်ကဆိုသည်။
မြန်မာနိုင်ငံတွင် သတင်း လွတ်လပ်ခွင့်ပေးလာသည်နှင့်အမျှ သတင်းသမားများကိုခြိမ်းခြောက် ခြင်းများ၊ ကန့်သတ်ခြင်းများ အား ပြင်းလာကြောင်း ကိုမင်းကိုနိုင်က ဆက်လက်ပြောသည်။
““၂၀၁၂ခုနှစ်မှာရရှိတဲ့သတင်းသမားတွေရဲ့သတင်းလွတ်လပ်ခွင့်က ခြိမ်းခြောက်ခံလာရတယ်။ ကန့်သတ် တာတွေကို မြင်လာတယ်။ နောက်တစ်ခါမြန်မာနိုင်ငံရဲ့ အချိုးအကွေ့က မကြာခင် လာတော့မယ်””ဟု ကိုမင်းကိုနိုင် က ထပ်လောင်းပြောဆိုသည်။
Hot News Journal
No comments:
Post a Comment