Friday, August 01, 2014

အစိုးရ နှင့် ဆွေးနွေးရာတွင် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ရန် ညှိနှိုင်းရေး မူဝါဒဆိုင်ရာ အချက်(၄)ချက်ကို အကောင်အထည်ဖော်ရေး လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် သဘောတူ


ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီး အစည်းဝေး ကို နောက်ဆုံးရက်အဖြစ် ဇူလိုင် ၃၁ ရက်နေ့က ကျင်းပခဲ့ပြီး  အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် အင်န်စီစီတီတို့အကြား ဆွေးနွေးရာတွင် ညှိနှိုင်းဖြေရှင်းမှု ပိုမိုမြန် ဆန်ပြီး ဆွေးနွေးပွဲ အမြန်ပြီး မြောက် စေရန်အတွက် ညှိနှိုင်းရေးမူဝါဒဆိုင်ရာ အချက်(၄)ချက်ကို အကောင် ထည် ဖော်ရန် သဘောတူညီခဲ့ကြောင်းသိ ရသည်။


''ဆုံးဖြတ်ချက်(၄)ချက် ချမှတ် နိုင်တယ် အင်န်စီစီတီအဖွဲ့ဝင်တွေရဲ့ အဲဒီဆုံးဖြတ်ချက် ရည်ရွယ်ရင်း အ ကြောင်းရင်းကတော့ အင်န်စီစီတီနဲ့ ဏျွှဃ ဆွေးနွေးတဲ့အခါ မူပိုင်း ဆိုင်ရာ အခက်အခဲ တွေရှိလာခဲ့ ရင် ညှိနှိုင်းဖြေရှင်းနိုင်ဖို့နဲ့ ဆွေးနွေးမှုတွေ မြန်ဆန် လာအောင်၊ လုပ်ငန်းစဉ်တွေ မြန်ဆန်လာအောင် ဖန်တီးလိုက်တဲ့ သဘောပါ''ဟု နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲမှု ဗဟိုညှိ နှိုင်းရေး အဖွဲ့ အင်န်စီစီတီမှ အဖွဲ့ဝင် ဒေါက်တာဆ လိုင်းလျှံမှုန်းဆာခေါန်းကပြောသည်။

ယင်းအချက်(၄)ချက်မှာ ဆွေး နွေမှုများ ပြုလုပ်ရာတွင် အစိုးရနှင့် ဆွေးနွေးရာမှာ မူဝါဒပိုင်းဆိုင်ရာ အခက် အခဲများရှိလာပါက အင်န်စီစီတီ အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ ထိပ်သီး အစည်း အဝေးကို ခေါ်ယူနိုင် ခွင့်အတွက် အင်န်စီစီတီအား တာဝန် ပေးရန် ၊ မူဝါဒဆိုင်ရာအခက်အခဲများရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ခွင့် အင်န်စီစီတီအနေဖြင့် အစိုးရနှင့် ဆွေးနွေးရာတွင် လိုအပ်ပါက လုပ်ငန်းစဉ်အဖွဲ့များ ဖွဲ့စည်းနိုင်ခွင့်၊ အဖွဲ့ ဝင်အသစ်များ လက်ခံခွင့်စသည်တို့ ဖြစ်ကြောင်းသိရသည်။

ယင်းလုပ်ငန်းစဉ် အဖွဲ့များ ဖွဲ့စည်းနိုင်ခွင့်တွင် တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စများ၊ စစ်သည် တော်များ လိုက်နာရမည့် ကျင့်ဝတ် နှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူ ဘောင်ရေး ဆွဲခြင်း ဆိုင်ရာ ကိစ္စရပ်များ အတွက် လိုအပ်ပါက လုပ်ငန်းစဉ် အဖွဲ့များ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

လိုင်ဇာတွင် အဆင့်နှစ်ဆင့်ဖြင့် ကျင်းပခဲ့ သည့် ဆွေးနွေးပွဲများအတွင်း အစိုးရနှင့် သဘောတူညီမှုမရရှိသေး သည့် မူဝါဒပိုင်းနှင့် အဓိပ္ပာယ်ဖွင့် ဆိုချက်ဆိုင်ရာ အသုံး အနှုန်း များနှင့် ပတ်သက်ပြီး သဘောတူညီမှုမရရှိ သေးသည့် စကားလုံးများနေရာတွင် နှစ်မျိုး (သို့မဟုတ်) သုံးမျိုးစသဖြင့် အဓိပ္ပာယ်တူညီသည့် စကားလုံး များရွေးချယ်သုံးစွဲရန် သဘောတူခဲ့သည်ဟု သိရသည်။

''မေလနောက်ဆုံးဆွေးနွေး တုန်းက တစ်ဆို့နေတဲ့အချက်တွေရှိတယ်။ ပြင်ဆင်ချက်တွေနဲ့ပတ်သက်လို့ လိုအပ်တဲ့နေရာမှာ နှစ်ချက် သုံးချက်ပြင်ဆင်ဖို့လုပ်တယ်၊ လမ်းပွင့်သွားတာ ပေါ့နော်။ ပြီးခဲ့တဲ့ အစည်း အဝေးမှာ ကျန်ရှိနေတဲ့ ဒီမိုကရေစီအရေး အမျိုးသားတန်းတူရေးကိစ္စ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက် ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုထူ ထောင်ရေးလို ကိစ်စမျိုးပေါ့၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမူဘောင်ချမှတ် ရေး ကြားကာလအစီအစဉ် နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပုံကျင်းပနည်း၊ တပ်နေချထားရေး၊ လွတ်လပ်စွာသွားလာခွင့်၊ Code of conduct  စတဲ့ အချက်တွေလို အစိုးရနဲ့သဘော မတူနိုင်သေးတဲ့ ကိစ္စတွေ ပါတယ်''ဟု ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါန်းက ပြောသည်။

ယင်းအပြင် နိုင်ငံရေးဆွေးနွေး ပွဲများတွင် အစိုးရ၊ တိုင်းရင်းသား နှင့် ဒီမိုကရေစီအင်အားစု စသည့် သုံးပွင့်ဆိုင်တွေ့ဆုံရေး အနေဖြင့်  ကျင်းပရန် သဘောတူညီခဲ့ကြပြီး ၈၈ မျိုးဆက်ကဲ့သို့ နိုင်ငံရေး ဆန်သည့်  အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွင် ဒီမိုကရေစီအင်အားစုများပါ ဝင်မည်ဟု သိရသည်။

''အစိုးရဆိုတဲ့နေရာမှာ တပ်၊ လွှတ်တော် ၊ အစိုးရ သူတို့ကတစ်စု တိုင်းရင်းသားကတစ်စုပေါ့၊ တိုင်းရင်းသား ဆိုတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် တိုင်းရင်းသားအင်အားစုပါတီတွေပါ ပါမယ်။ ဒီမိုကရေစီအင်အားစုမှာတော့ နိုင်ငံ ရေးပါ တီတွေအပြင် ၈၈ မျိုးဆက်တွေလို နိုင်ငံရေးအရ ပါသင့်ပါ ထိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါမယ်၊ ကျန်တဲ့ ပညာရှင်တွေနဲ့ သဘာဝပတ်ဝန်းကျင်တို့ လူသားချင်းစာနာမှုတို့လို အဖွဲ့အစည်းတွေကိုတော့ တခြားအဆင့်တွေမှာ ပါဝင်ခွင့်ပြုဖို့ ရည်ရွယ် ထားတယ်၊ 

ပညာရှင် တွေကလဲ ထိုနည်း လည်းကောင်း ပါပဲ၊ သူတို့က အမြဲတမ်းနိုင်ငံရေး လုပ် နေတာမဟုတ်တော့ အဆင့်တစ်ဆင့် ဆင့်မှာတော့ ပါဝင်ခွင့်ပြုမှာပါ''ဟု နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲမှု ဗဟိုညှိ နှိုင်းရေး အဖွဲ့ အင်န်စီစီ တီ ခေါင်းဆောင်နိုင်ဟံသာက ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

S T A L
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List