Saturday, August 02, 2014

၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြီးပြတ် သွားအောင် ဆောင်ရွက်နိုင်မည်ဟု သူရဦးရွှေမန်းပြောကြား


ဩဂုတ် ၁ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစည်းအဝေးအပြီး မွန်းလွဲ ၁နာရီတွင် ပြည်ထောင် စုလွှတ်တော် နာယကက လွှတ်တော်အတွင်း သတင်း ယူကြသောသတင်းထောက်များနှင့် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။


''၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အားလုံး ပြီးပြတ် သွားအောင် ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့်မို့ ဟုတ်ခြင်း၊ မဟုတ်ခြင်းဆိုတာက တော့ပိတ်ကားပေါ်မှာစောင့်ကြည့်ပါ။ မိမိတို့ကတော့ ပေးထားတဲ့ ကတိအတိုင်း ဖြစ်အောင်ဆောင်ရွက် သွားမယ်ဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း က ပြောကြားခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင်တက်ရောက်ကြေသောသတင်းထောက်များကလွှတ်တော်အတွင်း လွှတ် တော် ကိုယ်စားလှယ်များ၏ အသုံးစရိတ်ကိစ္စ၊ အခုကျင်းပပြီးစီးသွား သော ပထမအကြိမ်ဒသမပုံမှန်အစည်း အဝေး ကာလအတွင်း ဆွေးနွေးသွားသည့် PR စနစ်အကြောင်းအရာများ၊ ယူနတီဂျာနယ်သတင်းထောက်များ၊ တရားစွဲအရေး ယူခံရသည့်ကိစ္စများကို ပြည်ထောင်စု လွှတ်တော်နာယကမှ နိုင်ငံတော်သမ္မတ ပေးပို့သည့် စာ နှင့် သမ္မတမှပြန် လည်ပေးပို့သော အကြောင်းအရာများ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်း သွားနေချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုများအဆင်မပြေသေးမှုကြောင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် အခက်အခဲများဖြစ် ပေါ်နေမှုအကြောင်းအရာများ ပြည် ထောင်စုလွှတ် တော် နာယကနှင့်   ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ဆက်ဆံရေးနှင့်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင် လေးဦး လေးပွင့် ဆိုင်တွေ့ဆုံမည့် အကြောင်းအရာများကို မေးမြန်းခြင်း တွေကိုပြန်လည် ဖြေကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ဆက်ဆံရေးအခြေအနေနှင့် နိုင်ငံထိပ် ပိုင်းခေါင်းဆောင်ကြီးလေး ဦး၏ လေးပွင့်ဆိုင် တွေ့ဆုံမှုနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက က ''မိမိနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်တဲ့ အနေအထားရှိတယ်ပြောရပါမယ်။ ရွေး ကောက်ပွဲနီး လာတာနှင့်အမျှ မိမိတို့ပါတီ အနိုင်ရရှိရေးအတွက်တော့ကြိုးစားလျက်ရှိတယ်ဆိုတာ ကလဲ တစ်ဖက်ကပြောချင်ပါတယ်။  

နိုင်ငံထိပ် ပိုင်းခေါင်းဆောင်ကြီးလေးဦး ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံမှုကတော့ အချိန်တန် ရင်လဲ လုပ်ကောင်း လုပ်မှာပါ။ အခု မလုပ်ရတဲ့အကြောင်းကလဲ အခုအ ချိန်မှာ အလုပ်တွေ ကိုယ်စီရှိ နေတဲ့ အတွက်ကြောင့်လဲ ဖြစ်ပါတယ်''ဟု ဖြေကြားသည်။

ပထမအကြိမ် လွှတ်တော်၏ ဒသမပုံမှန်အစည်းအဝေးကို ဇွန် ၂၇ ရက်နေ့က ဩဂုတ် ၁ ရက် အထိကျင်းပ ခဲ့ပြီး အခုကဲ့သို့ လွှတ်တော်ပြီးဆုံး ချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့် လွှတ်တော်တွင်းသတင်း ယူနေသော သတင်းထောက်များနှင့် အမြဲတမ်းတွေ့ဆုံရှင်းလင်းပွဲကျင်းပ ပြုလုပ်ပါသည်။

MO
Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List