Wednesday, July 30, 2014

ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီ KNU/KNLA စီးပွားရေးဆိုင်ရာညှိနှိုင်းမှုရုံး သာကေတမြို့ နယ်တွင်ဖွင့်လှစ်







မြန်မာပြည်အတွင်းရှိ မြို့ နယ်များနှင့်ပြည်သူများအား ဖွံ့ဖြိုးတိုးတက်ပြီး တရားဥပဒေ စိုးမိုးရေးအတွက်ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီ KNU/KNLA စီးပွားရေးဆိုင်ရာညှိနှိုင်းမှုးရုံးအား ဇူလိုင် ၃၀ရက်ကသာကေတမြို့  နယ် ဇင်္ဂမလမ်း၊၂ – တောင်ရပ်ကွက်၊တွင် ဖွင့်လှစ်ခဲ့သည်။

“ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီ KNU/KNLA စီးပွားရေးဆိုင်ရာညှိနှိုင်းမှုရုံးကို ဖွင့်လှစ်တာဟာ မြန်မာပြည်အတွင်း မှာရှိတဲ့ မြို့ နယ်များနဲ့ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်ပြီး တရားဥပဒေ စိုးမိုးမှုများကိုဆောင်ရွက်ပေးခြင်း လို့ ဖွင့်လှစ်ခဲ့တာပါ ကျွန်တော်တို့က ပညာရှင်မဟုတ်ပါဘူး ပညာသင်လေးတွေပါဒါကြောင့် ပညာရှင် တွေကလည်း ကျွန်တော်တို့ကို ကူညီပါ သင်ကြားပေးပါ။ ဝေဖန်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်၊ လမ်းမှာလည်း ခေါ်ဆိုနှုတ်ဆက်နိုင်ပါတယ်ဒီလို့ဝေဖန်တိုက်ခိုက် မှုတွေရှိမှ ကျွန်တော်တို့လည်းသတိထားလုပ်ကိုင်နိုင်ပြီး အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်”ဟု KNLA စီးပွားရေးဆိုင်ရာ ညှိနှိုင်းမှုရုံးချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ၊မဲလအထူးဒေသဖွံ့ဖြိုးမှုကော်မတီအတွင်းရေးမှူးဒုဗိုလ်မှူးကြီး စောသြ ဂုတ်ကပြောသည်။

“KNU/KNLA စီးပွားရေးဆိုင်ရာညှိနှိုင်းမှုရုံးကို အခုလိုဖွင့်လှစ်နိုင်ခဲ့လို့ ကြိုဆိုပါတယ်ကျွန်တော်လည်းသူတို့နဲ့ပူးပေါင်းလုပ်သင့် တာတွေ လုပ်ဆောင်သွားမှာပါ သူတို့ပြည်တွင်းကို အခုလိုဝင်လာတဲ့ ရည်ရွယ်ချက်ကိုလည်း လေးစားမိပါတယ် ကျွန်တော်တို့ အနေနဲ့လည်း ကူညီနိုင်တာကို ကူညီပေးသွားမှာပါ”ဟုရဲမှူးကြီး ဦးတင်သိမ်းကပြောသည်။

ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီလီမိတက် KNU/KNLA စီးပွားရေးဆိုင်ရာညှိနှိုင်း မှုရုံးအား KNLAစစ်ဦးစီးချုပ်ရုံး“ချစ်ကြည်ငြိမ်းချမ်း” ကုမ္ပဏီ၊KNLA တပ်မဟာ(၂)တောင်ငူခရိုင် “နော်ဘူဘော”ကုမ္ပဏီ၊KNU/KNLA –PCမဲလအထူးဒေသ၏ “မဲလရှေ့ဆောင်” ကုမ္ပဏီ၊တို့မှ ပူးပေါင်းကာ ဖွင့်လှစ်ထားကြောင်းသိရသည်။

ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီဆိုတဲ့ နာမည်ဟာ အားလုံးငြိမ်းချမ်းစေခြင်းတဲ့ ဆန္ဒကြောင့်ပေးထားခြင်းဖြစ်တယ်။

“နောက်ပြီးတော့ ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီရဲ့  ဆိုင်းဘုတ်မှာလည်း ဗုဒ္ဓဘာသာအလံ၊ခရစ်ယာန်အလံ၊KNLAအလံ၊မြန်မာနိုင်ငံ အလံတွေကို ပုံဖော်ထားပါတယ်။ဒါကြောင့် ကောင်းမွန်တဲ့ဆက်ဆံမှုများကို ရယူပြီးတော့ဒီကုမ္ပဏီကို ဖွင့်လှစ်လိုက်ခြင်းဖြစ် တယ်”ဟု ဒုဗိုလ်မှူးကြီးစောသြဂတ်က ထပ်မံပြောကြားခဲ့သည်။

ချစ်ကြည်ငြိမ်းချမ်းကုမ္ပဏီသည် ၃နှစ်အတွင်း မြို့ ပြစီမံကိန်းများ၊စိုက်ပျိုးရေး လုပ်ငန်းများ၊ ဥပဒေစိုးမိုးရေး လမ်းစဉ်များ၊သတ္ထု တူးဖော်ရေးလုပ်ငန်းများ၊နိုင်ငံတော်လုံခြုံရေးများအား လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မင်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List