Thursday, July 31, 2014

ပြန်ကြားရေးဝန်ကြီးအဖြစ် ထမ်းဆောင်မည်ဟု ဦးရဲထွဋ်ဆို


လစ်လပ်ပြန်ကြားရေးဝန်ကြီး နေရာတွင် သမ္မတဦးသိန်းစိန်က ပြန်ကြားရေးဝန်ကြီး တာဝန်ပေးပါက ထမ်း ဆောင်သွားမည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူဦးရဲထွဋ်က ဇူလိုင် ၃ဝ ရက်တွင် ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။

''ပြန်ကြားရေးဝန်ကြီးနေရာအတွက် ကျွန်တော် မှတ်ချက်ပေးလို့တော့ မရသေးဘူး။ ကျွန်တော်တို့က နိုင်ငံ့ ဝန်ထမ်းဆိုတော့ နိုင်ငံတော်သမ္မတက တာဝန်ပေးမယ်ဆိုရင် တော့ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မှာပါ။ ကျွန်တော့်ကို စာရင်းတင် ပြီလား မတင်သေးဘူးလားဆိုတာ သေချာ မသိရသေးဘူး''ဟု ဦးရဲထွဋ်က ပြောသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သည် လစ်လပ်ပြန်ကြားရေး ဝန်ကြီးနေရာ တာဝန် ထမ်းဆောင်ခြင်း၊ မထမ်း မဆောင်ခြင်းနှင့်ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော် က ''ဝန်ကြီးတိုင်းကတော့ လူကောင်းဖို့လိုသလို မူကောင်းဖို့လည်း လိုပါတယ်။ ကျန်တာ ကိုတော့ မှတ်ချက်မပေးပါဘူး။ မီဒီယာ နဲ့လက်တွဲလုပ်နိုင်မယ့် ဝန်ကြီးတော့ မျှော်လင့်တယ်'' ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်စွဲပါ နိုင်ငံ တော် သမ္မတရုံးအမိန့်အမှတ်- ၁၇/ ၂ဝ၁၄ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှစ်ဦးကို တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ကာ လစ်လှပ် နေသော ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်သမ္မတဦး သိန်းစိန်၏ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သူ ဦးရဲထွဋ်ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော်နာယက ထံသို့ စာပို့ အကြောင်းကြားထားပြီးဖြစ်သည်။

Yangon Media Group

No comments:

Post a Comment

My Blog List