မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်နှင့် ပတ်သက်ပြီး ပြင်ဆင်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါ အ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီအချို့က ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသားနိုင်ငံရေးပါတီများ တွေ့ဆုံ ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်ကို ပြုပြင်ပေး ရန်နှင့် ပတ်သက်ပြီး စာရေးသားတောင်းဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်း ကပြောသည်။
‘‘ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဖို့တောင်းဆိုမယ်။ နောက်တစ်လတစ်ကြိမ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဖို့ သဘောတူကြတယ်’’ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသား နိုင်ငံရေးပါတီများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးရာတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) ၀င်ပါတီများ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ယခုလဆန်းပိုင်းက ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်သည် နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်မှုများရှိနေသည်ဟု နိုင်ငံရေးပါတီများက ထောက် ပြထားသည်။
ထို့အပြင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အား ပြင်ဆင်ရေးအတွက် ဇူ လိုင် ၂၁ ရက် ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ယင်း ကြေညာချက်တွင် မဲဆွယ်စည်းရုံးရေးကာလကို တိုးမြှင့်သတ်မှတ်ပေးရန်၊ ရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် လောင်း၏ မဲဆွယ်စည်းရုံးရေး ဟောပြောမည့် အစီအစဉ်ကို တင်ပြရေးနှင့် ကြိုတင်မဲ ကိစ္စရပ်များကို ပြင်ဆင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကြံပြုထားသည်။
7Day News Journal
No comments:
Post a Comment