Friday, August 01, 2014

လာဘ်စားသော တရားသူကြီးများအား စီမံခန့် ခွဲရေးနည်းလမ်းအရအရေးယူပြီး ဥပဒေကြောင်းအရ အရေးမယူသဖြင့် တရားစီရင်ရေးမဏ္ဍိုင်မှာ လွန်စွာဆိုးရွားနေပြီဖြစ်ကြောင်း ဦးသိန်းညွန့် တင်ပြ


လာဘ်စားသော တရားသူကြီးများအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူပြီး ဥပဒေကြောင်းအရ အရေး မယူသဖြင့် တရားစီရင်ရေး မဏ္ဍိုင်မှာ အင်မတန်ဆိုးရွားနေပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။

ဦးသိန်းညွန့်က လွှတ်တော်တွင်“ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပတ်သက်သည့် လာဘ်ပေး လာဘ်ယူအမှုသုံးမှုမှာ မည်သည့်အမှုများ ဖြစ်သည်။ တရားရေးဝန်ထမ်းများနှင့် ပတ်သက်သော တိုင်ကြား စာများအနက် ထင်ရှားမှုရှိသော အမှုအရေအတွက် မည်မျှရှိသည်”ကို မေးမြန်းခဲ့သည်။

၎င်းမေးမြန်းချက်နှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အတည်ဖြစ်ခဲ့သော ၂ဝ၁၃ ခု နှစ် ဩဂုတ် ၇ ရက်မှ ၂ဝ၁၄ ခုနှစ် ဧပြီ ၂၂ ရက်အထိ တရားသူကြီးများ၊ တရားရေးဝန်ထမ်းများနှင့် ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပေးပို့လာသည့် တိုင်စာပေါင်း ၁၃ စောင်သာ ရှိကြောင်း၊ စုံစမ်းပြီး မမှန်ကန်၍ ပိတ်သိမ်းသည့်အမှုပေါင်း ခုနစ်စောင်၊ စုံစမ်းဆဲ တိုင်စာပေါင်း ခြောက်စောင်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် ဦးစိုးညွန့်က လာဘ်ပေးလာဘ်ယူမှု ဆောင်ရွက်ရေးကော်မတီက အကြောင်းကြားခဲ့သည့် အမှု များနှင့်ပတ်သက်၍ စီမံခန့်ခွဲရေးနည်းလမ်းအပြင် ဥပဒေကြောင်းအရ တရားစွဲဆိုအရေးယူဆောင်ရွက်မှုများ မရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဦးသိန်းညွန့်က “သူရဦးအောင်ကိုရဲ့ ကော်မတီမှာ တိုင်ကြားစာတွေ သောင်းချီရှိနေတဲ့အနက်က ထောင်ချီက တရားသူကြီးတွေကို တိုင်တာလို့ သိရတယ်။ ကျွန်တော်တို့ ပါတီကိုလည်း တိုင်ကြားစာတွေ တစ်နှစ်ကို တရားသူကြီးတွေကို တိုင်တာ ရာနဲ့ချီရှိတယ်။ တရားသူကြီးတွေကို ဥပဒေကြောင်းအရ အရေးယူ တာ မရှိဘူး။ အဲဒီအတွက် တရားရေးမဏ္ဍိုင်က တော်တော်ချို့ယွင်းပျက်စီးနေပြီ”ဟု သတင်းထောက်များအား ပြောကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List