Tuesday, July 29, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အခက်အခဲများရှိနိုင်သော်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ်ပေါက်ရေးအတွက် အခက်အခဲများကို ကျော်လွှား နိုင်ရမည်ဟု ဘန်ကီမွန်း သဝဏ်လွှာပေးပို့


မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်၏ ယခုရောက် ရှိနေသောနေရာမှာ လမ်းဆုံ လမ်းခွဖြစ်သဖြင့် အခက်အခဲ များရှိ နိုင်သော်လည်း ယုံကြည်မှုတည်ဆောက်ရေးအတွက် သာမကဘဲ ရှေရည်တည်တံ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ် ပေါ် ထွန်းလာ စေရန်အတွက် အခက်အခဲများအား ခုန်ပျံကျော်လွှားနိုင်ရမည်ဟု ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ကေအိုင်အိုဌာ နချုပ် လိုင်ဇာတွင် ကျင်းပနေ သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဆွေးနွေး ပွဲသို့ သဝဏ်လွှာပေး ပို့ရာတွင် ပြောကြား လိုက်သည်။

ယင်းသဝဏ်လွှာအား လိုင်ဇာ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက် လာသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စ တာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင် ရာ အထူးကိုယ်စားလှယ် မစ္စတာနမ် ဗီးယားက ဆွေးနွေးပွဲ တက်ရောက် လာသူများအား အဖွင့်မိန့်ခွန်း ပြောဆိုရာတွင် ဖတ်ကြားခဲ့ခြင်းဖြစ် သည်။ 

''အားလုံးကျော်ဖြတ် ခဲ့ရတဲ့ နှစ် ပေါင်း ၆ဝခရီးရှည်မှာ ခရီးကြမ်းတွေ ကို ဖြတ်ကျော်ခဲ့ရပြီး ကျော်ဖြတ်သွား လာနိုင်ခဲ့တဲ့ အတွက် နောက် ဆုံးမှာ အခုလို ဆွေးနွေးညှိနှိုင်းတဲ့ အခြေ အနေကိုရောက်လာရတယ် ဆို တာကို အသိ အမှတ်ပြုပါတယ်။ ဒါပေမဲ့ အခု ရောက်နေတဲ့ နေရာကတော့ အရင် ကြုံခဲ့ဖူးတဲ့ အပစ်အခတ် ရပ်စဲမှုတွေ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ မတူ ပဲနဲ့ စစ်မှန်တဲ့ လမ်းကြောင်းတစ်ခုအ ပေါ်ရောက်နေတယ်လို့ မြင်မိပါတယ်။ အခုလက်ရှိအချိန် အထိလဲ ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ် ဆိုတာ ကို သိပါတယ်။ ဒါပေမဲ့အခုချိန်က တော့ အခုလိုယုံကြည်မှုတည်ဆောက် နေရုံတင်မ ကဘူး၊ အခက်အခဲတွေ ကို ခုန်ပေါက်ကျော်လွှားရမယ့် အခြေအနေလဲ ရောက်နေပါ တယ်''ဟု မစ္စတာ နမ်ဗီးယားက သဝဏ်လွှာကို ဖတ်ကြားသည်။

မစ္စတာဘန်ကီမွန်းက ပေးပို့လိုက် သော သဝဏ်လွှာပါအချက်သုံးချက်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်သည် လမ်းဆုံလမ်း ခွသို့ရောက် နေသည်ကို အသိအမှတ်ပြုကြောင်း နှင့် အချိန်ကာလအရ မဖြစ်မနေ အခက်အခဲများ ကို ကျော်လွှားပြီး အ ပစ်ရပ်စဲရေးမှသည် နိုင်ငံရေးမူဘောင် ရေးဆွဲခြင်းနှင့် နိုင်ငံရေးဆွေးနွေး ပွဲများ ပေါ်ပေါက် လာရေးတို့ အတွက် မဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်ကြောင်း စသည့်အချက်များပါဝင်သည်။

ယင်းအပြင် ကေအိုင်အိုဌာန ချုပ် လိုင်ဇာသို့ သုံးကြိမ်မြောက်အ ဖြစ် ရောက် ရှိလာသည့် ကုလ အထူး ကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားက ကုလသမဂ္ဂအနေဖြင့် နှစ်ဘက်တာ ဝန်ရှိသူများက အကူညီတောင်း ခံလာ ပါက တတ်နိုင် သမျှ ကူညီသွားမည် ဖြစ်ကြောင်း ကတိပြုပြောဆိုသည်။ 

''အချင်းချင်းယုံကြည်မှုတွေရှိ လာပြီး ယုံကြည်မှုတည်ဆောက်လာ တယ်။ ပိုပြီးတော့မှ ဒီယုံကြည်မှုကို ပိုပြီးခိုင်မြဲအောင် လုပ်ချင်တဲ့ စိတ် ဓာတ်ရှိလာတယ် ဆိုတာလဲ ကျွန် တော်တို့အနေနဲ့ သဘောပေါက်နား လည်ပါတယ်။ ဒီဆွေးနွေးမှုတွေက အစိုးရတစ်ဘက် လက်နက်ကိုင်တစ် ဘက်ဆွေးနွေး ရမယ့် ဆွေးနွေး မှုတွေပါပဲ ဒါကို ကျွန်တော်တို့က လာရောက် လေ့လာတဲ့ သဘောပါပဲ။ ကျွန်တော်တို့အနေနဲ့ ခုလိုဆွေးနွေး ပွဲတွေကျင်းပ တဲ့ အချိန်မှာ နှစ်ဦးနှစ် ဘက်ကတောင်း ဆိုမှုတွေ ရှိလာခဲ့တယ် ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ အကြံဉာဏ်ပညာပေးမှု၊ ထောက်ပံ့မှုအမျိုးမျိုးနဲ့ကျန်တဲ့လိုအပ်တဲ့ အကူ အညီတွေကို ပေးဖို့ ယူအင်န် အနေနဲ့ အဆင်သင့် ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ပြော ချင်ပါတယ်''ဟု မစ္စတာနမ်ဗီးယားက ပြောသည်။

ယင်းအပြင် နှစ် ၆ဝလက်နက် ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်ကြိုး စားနေသည့် ယခုလိုအချိန်အခါသည် အင်မတန်မှဝမ်းမြောက် ဖွယ်ကောင်း ကြောင်းနှင့်နိုင်ငံရေးပြဿ နာများကို အဖြေရှာနိုင်ပြီး ပြည်တွင်း စစ်ချုပ်ငြိမ်းရေးအတွက် အားလုံးကြိုး ပမ်းဆောင် ရွက်ကြ ရမည်ဖြစ်ကြောင်း မစ္စတာ နမ်ဗီးယားက မှတ်ချက်ပြု ပြောဆိုသည်။ 

''ဒီလိုအချိန်မှာ ကျွန်တော့် အနေနဲ့ ပြောချင်တာကတော့ အား လုံးရဲ့ ဝိုင်းဝန်းပါဝင် မှုဟာ ငြိမ်းချမ်း ရေးခရီး စဉ်ဟာ ရှေ့ကို ဆက်စေတယ် လို့ ကျွန်တော့် အနေနဲ့ မြင် မိပါတယ်။ ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေလုပ်တာ ဟာ အချိန်ကာလ အသစ်တစ်ခုကို လျှောက်လှမ်းနေတယ်လို့လဲ မြင်မိပါတယ်။ အဲဒါကြောင့် တစ်နိုင်ငံလုံးရဲ့ ရှေ့ရေးကလဲ ဒီဆွေးနွေးပွဲကနေ ဖြစ် ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ အားလုံးဟာ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားလိုစိတ်ရှိတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ သဘောပေါက် ယုံကြည် တဲ့အတွက် ဒါကိုတကယ်တမ်း ဒီအခက်အခဲတွေကို ကျော်လွှားဖြတ် သန်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်''ဟု မစ္စတာနမ်ဗီး ယားက ပြောသည်။

ကေအိုင်အို ဌာနချုပ် လိုင်ဇာ တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ NCCT ထိပ် သီးခေါင်းဆောင်များ အစည်း အဝေးကို ဇူလိုင် ၂၈ ရက်က သုံးရက်မြောက်နေ့ အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ် နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း ၏လက်ထောက်ဖြစ်သူ မစ္စတာတင် ယန်းလည်း တက်ရောက်ခဲ့သည်။

''တရုတ်နိုင်ငံအနေနဲ့ လက်ရှိအ ချိန်မှာ တည်ငြိမ်မှုနဲ့အတူ ဖွံ့ဖြိုးတိုး တက်လာပြီဆိုတာ အားလုံးမျက်မြင် ပါပဲ၊ ထိုနည်းတူစွာ အိမ်နီးချင်း ကောင်းအဖြစ် နှစ်ပေါင်းများစွာ နေ ခဲ့တဲ့ မြန်မာနိုင်ငံကိုလဲ ဖွံ့ဖြိုးတိုး တက်စေချင် တယ်။ ဖွံ့ဖြိုးတိုးတက်မှု ကလဲ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်နေတာဖြစ်တဲ့အ တွက် နှစ် ၆ဝနီးပါး လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မတည်မငြိမ်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဖို့ဆိုရင် ငြိမ်းချမ်းဖို့ လိုအပ်တယ်။ အဲ့လိုငြိမ်း ချမ်းဖို့အတွက်ဆိုရင် တရုတ်နိုင်ငံအ နေနဲ့ တတ်နိုင်သမျှကူညီဖို့အသင့်ပါ ပဲ။ ခုလိုဆွေးနွေးပွဲတွေကို လာရောက်ခဲ့ရတာလဲ ငြိမ်းချမ်းရေးဖြစ်စဉ်ရှေ့ ဆက်နိုင်ဖို့အတွက် လာရောက်အား ပေးတာပါ''ဟု မစ္စတာတင်ယန်းက ပြောသည်။

လိုင်ဇာမြို့တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆွေးနွေးပွဲများသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှုပြုလုပ်နိုင်ရေးအတွက် ဦးတည် ကျင်းပနေသည့် ဆွေးနွေးပွဲများဖြစ်သည်။ ယခု လိုင်ဇာဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့များအကြား ဆက်လက်ဆွေးနွေးရန်ရှိနေပြီး သဘောတူညီမှုရရှိပါက အပစ်အခတ် ရပ်စဲမှု လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေး နွေးပွဲများသို့ ဆက်သွားကြမည် ဖြစ် သည်။

''အခုလို ကုလသမဂ္ဂတို့၊ တရုတ်တို့က ဆွေးနွေးပွဲ တက်ရောက်လာတာဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရှေ့ ဆက်နိုင်ဖို့အတွက် အားအင်တွေဖြစ် စေသလို ငြိမ်းချမ်းရေးဖြစ် စဉ်နဲ့အတူ တိုင်းရင်းသား တန်းတူအခွင့် အရေးအတွက် ကြိုးပမ်းမှုတွေကို ကမ္ဘာကလဲ အသိအမှတ်ပြုရာ ရောက်ပါတယ်'' ဟု နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ အင်န်စီစီတီမှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Democracytoday
Yangon Media Group

No comments:

Post a Comment

My Blog List