Wednesday, July 30, 2014

MSF ကို ပြန်လည်ဖိတ်ခေါ်ခဲ့ခြင်းအတွက် ဒေသခံများအား ပြည်နယ်ဝန်ကြီးချုပ် တောင်းပန်



နည်စည်းမခြား ဆရာဝန်များအဖွဲ့ MSF (AZG) အား ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းအတွက် ရခိုင်တိုင်းရင်းသားများ စိတ်ဆင်းရဲခဲ့ခြင်းအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တောင်းပန်လိုက်ပြီး UN/INGO များ၏ ရခိုင် ပြည်နယ် အတွင်း ဆောင်ရွက်မှုများအတွက် ပြည်နယ်အစိုးရအဖွဲ့က လုံးဝတာဝန်ယူကြောင်း က တိပြုလိုက်သည်။
ပြည်နယ်အစိုးရက MSF (AZG) အဖွဲ့အား ပြန်လည် ဖိတ် ခေါ်ခဲ့သည့်အပေါ် ရခိုင်တိုင်းရင်း သားများက ကန့်ကွက်ကြောင်း ဇူ လိုင် ၂၇ ရက်က အကြောင်းကြား စာကို ဇူလိုင် ၁၈ ရက်တွင် ပြန် လည်အကြောင်းပြန်သည့်စာ၌ အထက်ပါ ကတိက၀တ်များ ထည့် သွင်းရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြန်စာလက်ခံရရှိသူများက ပြော သည်။

အငြင်းပွားဖွယ်ရာ အခြေအ နေများ၊ ဘင်္ဂါလီများအပေါ် ဘက်လိုက်ထောက်ခံမှုများနှင့်ပြည်နယ်အတွင်း နိုင်ငံရေးကိစ္စများ ၀င်ရောက်စွက်ဖက်သည်ဟု အစဉ်တစိုက် ဝေဖန်ခံခဲ့ရသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF (AZG) ကို အခြား NGO/ INGO များနှင့်အတူ ရခိုင်ပြည် နယ်အတွင်း ပြန်လည်လုပ်ကိုင်ရန် ပြည်နယ်အစိုးရက ဇူလိုင် ၂၃ ရက်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ် သည်။

ပြည်နယ်အစိုးရ၏ ဖိတ်ခေါ် မှုအပြီးတွင် ရခိုင်တိုင်းရင်းသား များက ကန့်ကွက်မှုများပြုလုပ်ခဲ့ ပြီး ဆရာတော်သံဃာတော်များ၊ သက်ကြီးနိုင်ငံရေး အုပ်စုများ၊ မြို့မိမြို့ဖများ၊ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများက စစ်တွေမြို့၌ ဇူလိုင် ၂၅ ရက်တွင် စည်းဝေးတိုင်ပင် ခဲ့ပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းအတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးလှမောင်တင်၏ နေရာတွင် အ စားထိုးခန့်အပ်ခံခဲ့ရသည့် ဦးမောင် မောင်အုန်း (ဗိုလ်ချုပ်)သည် စစ် တွေမြို့ပေါ်ရှိ ရခိုင်တိုင်းရင်းသား အင်အားစုများထံ အကြောင်းပြန် သည့်စာတွင် UN/INGO မည် သည့်အဖွဲ့အစည်းမဆို ဘက် လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ နိုင်ငံ ရေးကိစ္စများကို သွေးထိုးလှုံ့ဆော် မှုစသည့်ကိစ္စများ လုံးဝမရှိစေဘဲ ပြည်နယ်အစိုးရအဖွဲ့၊ ပြည် ထောင်စုအဆင့် ECC ၊ ပြည်နယ် အဆင့် ECC နှင့်အတူ ရခိုင်တိုင်း ရင်းသား မြို့မိမြို့ဖ၊ လူငယ်အဖွဲ့ အစည်းအားလုံး၏ အနီးကပ်ကြပ် မတ်မှုများဖြင့် ရခိုင်တိုင်းရင်းသား များ၏ ဆန္ဒအတိုင်းသာ အလေး ထားဆောင်ရွက်သွားစေ မည်ဖြစ် ကြောင်းလည်း အကြောင်းပြန်ခဲ့ သည်။

ထို့အပြင် UN/INGO များ ၏ ရခိုင်ပြည်နယ်အတွင်း ဆောင် ရွက်မှုများအတွက် ပြည်နယ်အစိုး ရအဖွဲ့က လုံးဝ တာဝန်ယူကြောင်း ကတိက၀တ်ပြုလိုက်သည်။

UN/INGO များသည် ပြည် ထောင်စုအဆင့် အရာရှိများဖြင့် သဘောတူစာချုပ်များ ချုပ်ဆိုထားခြင်းဖြစ်သောကြောင့် ပြည် နယ်အစိုးရက ၎င်းတို့၏ လုပ်ရပ်များအပေါ် လုံးဝတာဝန်ယူ ကြောင်း ပြောဆိုသည်ကို သံသယအနည်းငယ်ဖြစ်မိကြောင်း စစ် တွေမြို့၏ မြို့မိမြို့ဖ ဦးသန်းထွန်း က ပြောသည်။

‘‘ဒါဝန်ကြီးချုပ်ကို မယုံလို့ ပြောတာမဟုတ်ဘူး။ စနစ်ကို မယုံလို့ ပြောတာပါ’’ ဟု ဦးသန်းထွန်းက ပြောသည်။

MSF ကိစ္စနှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်ပြီး စိတ်ဆင်းရဲ ဒေါသ ဖြစ်မှုများ ဖြစ်ခဲ့ရကြောင်း သိရသည့် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်အနေဖြင့် အမှန်တကယ် လွန်စွာစိတ်မ ကောင်း ၀မ်းနည်းခံစားခဲ့ရသည်ဟုလည်း အဆိုပါ အကြောင်းပြန် စာတွင် ရေးသားထားကြောင်း သိရသည်။

အဆိုပါ အဖွဲ့အစည်းကို ဖိတ်ခေါ်ရခြင်းမှာ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အစီအမံများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံ တကာ စာမျက်နှာတွင် လွန်ကဲစွာ သုံးသပ်နေမှုများကို ထင်သာမြင်သာရှိအောင် ဆောင်ရွက် ခြင်းတို့ကြောင့်ဖြစ်ကြောင်း ရေး သားထားသည်။

‘‘အထူးသဖြင့် MSF ဟာ ရခိုင်လူမျိုးတွေအတွက် ပြစ်မှုကြီး တွေအများကြီး ကျူးလွန်ခဲ့တယ်။ အဲဒီပြစ်မှုကြီးတွေ အများကြီး ကျူးလွန်ခဲ့တဲ့ MSF ကို ရခိုင်တို့ရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး ပြန်လည်ဖိတ်ခေါ်ခဲ့တာကို ရခိုင် တိုင်းရင်းသားတွေက လုံးဝသ ဘောမတူဘူးလို့ ကန့်ကွက်တယ်။ MSF ဟာ အရင်လိုပဲ ဆက်လုပ် နေရင် အခုတစ်ခါ ဆန္ဒပြပွဲထက် ပိုဆိုးတဲ့ အနေ အထားကို ရောက်လာနိုင်တယ်’’ ဟု ဦးသန်းထွန်းက ပြောသည်။

7Day Daily

No comments:

Post a Comment

My Blog List