Wednesday, July 30, 2014

ပြည်သူ့လွှတ်တော်တွင် ပီအာရ်အဆို အတည်မပြုဘဲ လွှတ်တော်နှင့် ကိုက်ညီ သည့် ရွေးကောက်ပွဲစနစ်ကျင့်သုံးရေး ကော်မတီဖွဲ့ရန်သာ အတည်ပြုခဲ့


အချိုးကျကိုယ်စား ပြုစနစ်(PR) ကျင့်သုံးရေးနှင့် ပတ်သက်သည့် အဆိုကို အတည်ပြုခြင်းမရှိဘဲ ပြည်သူ့ လွှတ်တော်အတွက်သင့်လျော်သော ရွေးကောက်ပွဲစနစ် ကျင့်သုံးနိုင်ရေးအတွက်လေ့လာသုံးသပ်မည့် ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရေးကိုသာ ပြည်သူ့လွှတ်တော်မှ အတည်ပြုဆုံးဖြတ်လိုက်ကြောင်း သတင်း ရရှိသည်။

‘‘တင်တဲ့အဆိုက PR ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်တဲ့နေရာမှာ ကျင့်သုံးဖို့။ တကယ်တမ်း ဥက္ကဋ္ဌက ပြောတဲ့ အဆိုက ဘယ်စနစ်ကို သုံးမလဲဆိုတာကို သုံးသပ်ဖို့ ကော်မတီဖွဲ့ဖို့ဖြစ်နေတယ်။ တင်တုန်းက တစ်မျိုး၊ အတည်ပြုလိုက်တာက တစ်မျိုးဖြစ်နေတယ်’’ဟု ပြည်သူ့လွှတ်တ်ာကိုယ်စားလှယ် ဦးဘရှိန်ကပြောသည်။

ပြည်သူ့လွှတ်တော်တွင် ပီအာရ်စနစ်ကျင့်သုံးနိုင်ရေးအ တွက် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ သော်လည်း အမှန်တကယ်အတည်ပြုရာတွင် အထက်ပါအတိုင်း အတည်ပြု ခဲ့ခြင်းဖြစ်သည်။

‘‘တိုင်းရင်းသားစည်းလုံးညီတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးကို အထိ ခိုက်မခံနိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီမိုကရေစီ စနစ်ကို ပိုမိုဖော်ဆောင်နိုင်ဖို့ ဘယ်ရွေးကောက်ပွဲ စနစ်ကို သုံးမလဲဆိုတာ ကော်မတီ၊ ကော်မ ရှင်တစ်ခုဖွဲ့ပြီး လေ့လာသုံးသပ် ဖို့လိုပါလိမ့်မယ်’’ဟု ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကပြောသည်။

ယခုလ ၂၉ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ အဆိုကို အတည်ပြုရာတွင် မြန်မာနိုင်ငံနှင့် သင့်လျော်သော ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်လာရေးအတွက် ပြည်သူ့လွှတ်တော်အနေဖြင့် ကော်မတီ၊ ကော်မရှင်တစ်ရပ်ဖွဲ့စည်းဆောင်ရွက်ရေးအဆိုအား သဘောတူ၊ မတူလွှတ်တော်၏ အဆုံး အဖြတ်ကို ရယူ၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ပီအာရ်စနစ်ကို ဆွေးနွေးရာ တွင် အဆိုပါစနစ်ကိုကျင့်သုံးရန် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့ကြပြီး ယခုကဲ့သို့ပြင်ဆင်ပြောင်းလဲ အတည်ပြုရာတွင် ကန့်ကွက်ခြင်း မပြုတော့ပေ။

ထိုသို့ကန့်ကွက်မှုမပြုသည့် အပေါ် ဒေါ်အောင်ဆန်းစုကြည် က ‘‘အန်တီတို့က ဥက္ကဋ္ဌကြီးပြော တဲ့အဆိုကို ထောက်ခံတာဖြစ်တယ်။ ဦးအောင်ဇင်ရဲ့အဆိုကို ထောက်ခံတာ မဟုတ်ဘူး။ ဘယ်ဟာကို ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် အန်တီတို့ပါတီက ကိုယ်စားလှယ်တွေအားလုံးလက်မှတ်ရေး ထိုးပြီး လွှတ်တော်ဥက္ကဋ္ဌကြီးဆီ တင်ပြ သွားမယ်’’ဟု မီဒီယာများသို့ပြောကြားခဲ့သည်။

ယခုကဲ့သို့အဆိုကိုပြောင်း လဲအတည်ပြုခဲ့သဖြင့် လွှတ်တော်တွင်း ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ပီအာရ်ကိုသာ အခြေခံဆွေးနွေးခဲ့သဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အခွင့်အရေးဆုံးရှုံးသကဲ့ သို့ဖြစ်နေကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အချို့ကပြောသည်။

ယင်းအဆိုကို ပြည်သူ့လွှတ် တော်တွင် သုံးရက်ကြာဆွေးနွေးခဲ့ပြီး ကိုယ်စား လှယ် ၃ ဦးက ဆွေး နွေးခဲ့ ကာ ထောက်ခံသူ ၁၈ ဦး၊ ကန့်ကွက်သူ ၁၈ ဦးနှင့် ကြားနေသူ ၃ ဦးတို့ရှိခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ကပြောသည်။


7Day Daily

No comments:

Post a Comment

My Blog List