Saturday, August 02, 2014

နိုင်ငံရေး အကျပ်အတည်းများ လူထုကို ရှေးရှုအဖြေရှာခဲ့သည်ဟု သမ္မတပြော အာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းမှုများ အသက်ဝင်ရန်ကြိုးပမ်းရာတွင် ကြီးမားသော စိန်ခေါ်မှုများရှိနေဟုလည်းဆို



အစိုးရသစ်သက်တမ်း အတွင်း ပြစ်တင်ဝေဖန်မှုများနှင့် ကြုံခဲ့သော နိုင်ငံရေးအကျပ်အ တည်းများ ရှိခဲ့သည့်တိုင် အကျပ် အတည်းများအားလုံးကို လူထုလို လားချက် ရှေးရှုသည့် အဖြေရှာမှု မျိုးဖြင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။
သြဂုတ်လ၏ ရေဒီယိုမိန့် ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး သမ္မတက ၎င်းအနေဖြင့် အခိုင်အမာပြောကြားနိုင်သည့် အချက်မှာ ယင်းကဲ့သို့ အဖြေရှာ မှုမျိုးနှင့်သာ ချဉ်းကပ်ပြီး မှန်ကန်သော စေတနာဖြင့် ဆောင်ရွက်ခဲ့သည်ဆိုသည့် အချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။



ဝေဖန်ထောက်ပြ ပြောဆို ရေးသားမှုအားလုံးကိုလည်း ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အ တွက် လိုအပ်သည့် သွင်းအား စုများအဖြစ် လက်တွေ့ကျသည့် အဖြေများရရှိရန် ဖြစ်ပေါ်နေ သည့် နိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်နိုင် မည့် အ တိုင်းအတာတစ်ခုအတွင်းမှ အ ကောင်းဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နေကြောင်း အသိပေးပြောကြားလို သည်ဟု သမ္မတက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အနေအထား၌ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာ သုံးရပ်သီးခြားလွတ်လပ်မှု နှင့် အပြန်အလှန်ထိန်းကျောင်းမှု များ အသက်ဝင်ရန် ကြိုးပမ်းရာ တွင် ကြီးမားသည့် စိန်ခေါ်မှုနှင့် ကြုံတွေ့နေရကြောင်း သမ္မတက ဆက်လက်ပြောသည်။

တရားစီရင်ရေးတွင် နိုင်ငံ သားအခွင့်အရေးကို အကာအ ကွယ်ပေးနိုင်သည့် လွတ်လပ် မျှတသော တရားစီရင်မှု စနစ်ဖြစ် ရေး၊ အုပ်ချုပ်ရေးတွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ် ရေးယန္တရားများတွင် ပြည်သူလူ ထုကို အခြေပြုသည့် ဒီမိုကရေစီ နည်းကျအုပ်ချုပ်ရေးစနစ်သို့ ကူး ပြောင်းရေး၊ လွှတ်တော်အခြေပြု ဥပဒေပြုရေးလုပ်ငန်း စဉ်များ အသက်ဝင်ရှင်သန်ရေးမှာ အဓိကကျသည့် လုပ်ငန်းများဖြစ်ကြောင်း အာဏာသုံးရပ်စိန်ခေါ်မှုများကို သမ္မတ ဦးသိန်းစိန်က ပိုင်းခြားပြောကြားသွားသည်။

အာဏာသုံးရပ် ပြုပြင် ပြောင်းလဲရေးတွင် အဆင့်ဆင့် တာဝန်ယူရသည့် ၀န်ထမ်းအဖွဲ့ အစည်းများကိုလည်း ချက်ချင်း လုပ်ရမည့်ကိစ္စ၊ ရေရှည်နှင့် ရေတိုလုပ်ရမည့်ကိစ္စများကို ရည်မှန်းချက်ထားပြီး လက်တွေ့လုပ်နိုင်မည့် ကိစ္စများကို ဦးစားပေးလုပ်ရန် နှင့် ၀န်ထမ်းဂုဏ်သိက္ခာကို ထိန်း သိမ်းကြရန်လည်း သမ္မတက သတိပေးပြောကြားသည်။

လက်ရှိ သုံးနှစ်ကျော်ကာလ အတွင်း ရရှိထားသည့် အခြေအ နေများမှာလည်း ဒီမိုကရေစီစံနှုန်း များနှင့် တိုင်းတာပါက အကောင်း ဆုံးအခြေအနေသို့ မရောက်ရှိ သေးကြောင်းနှင့် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များ ဆုံးရှုံးမသွား စေရန် ၀ိုင်းဝန်းကြိုးပမ်းရမည်ဟု သမ္မတက ပြောကြားသည်။

အာဇာနည်နေ့ အခမ်းအနား နှင့်ပတ်သက်၍ သမ္မတက ခေါင်း ဆောင်ကြီး ကိုးဦးမှာ နိုင်ငံရေး နောက်ခံ၊ အသိုင်းအ၀ိုင်း၊ လူမျိုး စု၊ ကိုးကွယ်ယုံကြည်မှု မတူကြ သော်လည်း နိုင်ငံနှင့် လူမျိုးအ တွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လိုစိတ်ရှိကြကြောင်း ပြောကြား သည်။

ထို့ပြင် မိမိတို့အားလုံးလည်း ယင်းစိတ်ဓာတ်များကို ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတည်ဆောက်မှုတွင် လူမျိုးဘာသာမကွဲပြားဘဲ အတူညီညွတ် စွာ ပူးပေါင်းကြရန် တိုက်တွန်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။


7Day Daily

No comments:

Post a Comment

My Blog List