Saturday, August 02, 2014

မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခြင်းမရှိဟု ကုလကိုယ်စားလှယ်ကို အစိုးရတုံ့ပြန်


မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ် ချယ်ထားခြင်းမရှိဟု ကုလသမဂ္ဂ၏ လူအခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီးကို အစိုးရက ဇူလိုင်လ ၃၀ ရက်တွင် တုံ့ပြန်လိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်လေ့လာ စုံစမ်းမှုများအပြီး မစ္စရန်ဟီးလီးက အစိုးရက လူမှုအသိုက်အ၀န်းနှင့် သတင်းလောက၏ လှုပ်ရှားမှုများကို ဟန့်တား အရေးယူရန် တရားရေးစနစ်နှင့် ဥပဒေတို့ကို အသုံးပြုနေ သည်ဟု ပြောဆိုသွားသည့်အပေါ် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ကုလကိုယ်စားလှယ်နဲ့ ပတ်သက်ပြီးတော့ထုတ်တဲ့ ထုတ်ပြန်ချက်ပါ”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အပြည် ပြည်ဆိုင်ရာအဖွဲ့အစည်းများဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက မဇ္ဈိမကို သြဂုတ် ၁ ရက်တွင် ပြော သည်။

မည်သည့် လွတ်လပ်ခွင့်တစ်ရပ်ကိုမဆို ဥပဒေနှင့်အညီ ကျင့်သုံးခြင်းအတွက် အစိုးရက အရေးယူခြင်းမျိုးမရှိ သကဲ့သို့ မီဒီယာလွတ်လပ်ခွင့်ကိုလည်း ကန့်သတ်ထားခြင်းမျိုးမရှိဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင်ပါဝင်သည်။ ထို့ပြင်တရားဥပဒေချိုးဖောက်သူ မည်သူမဆို တည်ဆဲဥပဒေများအရ အရေးယူခံရ မည်ဟုလည်း ရေးသားဖော်ပြသည်။

စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးကျော်မင်းဆွေက “မီဒီယာတွေ အပေါ် တရားစွဲဆိုတဲ့အမှုတွေက တစ် ဖက်နဲ့တစ်ဖက် နားလည်မှုတွေ လွဲနေကြတယ်။ အဲဒီအလွဲတွေကို ဖြေရှင်းတဲ့ နေရာမှာလည်း မဆီလျော်တာတွေ ရှိနေကြတယ်။ နောက်တစ်ခုက ကဏ္ဍတစ်ခုကို ကိုယ့်ရှုထောင့်က ကိုယ့်အမြင် အတိုင်း ပုံဖော်နေ ကြတာလည်း ပါတယ်။ 

ဒါတွေကို ဖြေရှင်းဖို့ နှစ်ဖက်မျက်နှာစုံညီ ဖြေရှင်းဖို့လိုမယ်”ဟု သုံးသပ်သည် သတင်းမီဒီယာနှင့် ယင်း၏ အဓိက အရင်းအမြစ် ဖြစ်သည့် ပုံနှိပ်ထုတ်ဝေ ကဏ္ဍတို့ကို ခွဲခြား၍ ဥပဒေပြုခြင်း၊ အစိုးရမီဒီယာတို့ကို နိုင်ငံဘဏ္ဍာရယူသုံးစွဲခွင့်ရှိသော အများပြည်သူဝန်ဆောင်မှုဟူ၍ အမည် ပြောင်း၍ ပုဂ္ဂလိကကို ယှဉ်ပြိုင်ရန် ပြင်ဆင်နေခြင်းတို့သည် မီဒီယာလွတ်လပ်ခွင့်နှင့် ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေ မည်ဟု ယုံကြည်ကြောင်း သတင်းမီဒီယာ အဖွဲ့အစည်းတို့က ထုတ်ဖော် ပြောဆိုပြီးလည်း ဖြစ်သည်။

ကုလကိုယ်စားလှယ်၏ မှတ်ချက်များ နှင့် ပတ်သက်သည့် နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်သော ထုတ်ပြန် ချက်တွင် မီဒီယာများအပေါ် အရေးယူမှုများ၊ ရခိုင်ဒေသ အတွင်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဖြင့် စိစစ် ဆောင်ရွက်နေမှုများ၊ အခြေခံဥပဒေအရ ညီညွတ်မှုမရှိသည့် တည်ဆဲဥပဒေများကို ပြင်ဆင်ပြောင်း လဲရေး ဆောင်ရွက်နေမှုများကို ပြန်လည်တုံ့ပြန်ချက်များ ပါဝင်သည်။

နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် ဒီမိုကရေစီပြောင်းလဲစ နိုင်ငံတစ်နိုင်ငံ၏ ရင်ဆိုင်ဖြေရှင်းနေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို သဘောပေါက် နားလည်ရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ပကတိ အခြေအ နေများကို မျှတဖြောင့်မတ်စွာ ရှုမြင်ရန်လိုအပ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

Mizzima - News in Burmese 

No comments:

Post a Comment

My Blog List