Friday, August 01, 2014

၂၀၁၅ ရွေးကောက်ပွဲမဲစာရင်းကို ပြင်ပအဖွဲ့အစည်းများပါ ကြည့်ခွင့်ပြုမည်


လာမည့် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲ မကျင်းပမီ မဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ပြင်ပအဖွဲ့အစည်း များကိုပါ စစ်ဆေး ကြည့်ရှုခွင့်ပြုမည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ မ ဟာဗျူဟာစီမံကိန်းတွင် ထည့် သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

ပွင့်လင်းမြင်သာမှု မြှင့်တင်ရန် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းကို ပြင်ပစစ်ဆေးသူများအား လေ့လာစစ်ဆေးခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့် အဖွဲ့ အစည်းများအားလုံးကို စာရင်းလက်ခံ၍ စိစစ်ပြီးမှ လေ့လာစောင့်ကြည့်ခွင့်ပြုမည်ဟု မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည်။

၂၀၁၅ ရွေးကောက်ပွဲအ တွက် မဲဆန္ဒရှင်စာရင်း ပြုစုခြင်း ကို ယခု ၂၀၁၄ ဒုတိယနှစ်ဝက်မှစတင်ပြုစုနေပြီး ၂၀၁၅ ပထမနှစ်ဝက်ထိ ပြုစုစာရင်းသွင်းမည်ဖြစ်သည်။

ထို့အပြင် အဆိုပါစာရင်း ပြု စုအပြီးတွင် ပိုမိုတိကျသည့် မဲစာ ရင်း ဖြစ်စေရန် အထွေထွေအုပ် ချုပ်ရေးဦးစီး ဌာနနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ နောက်ဆုံးအချက်အ လက်များကို ၂၀၁၅ ခုနှစ်၏ တတိယ သုံးလပတ်တွင် ထည့်သွင်း ပေါင်းစပ်သွားမည်ဟုလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ယခုနှစ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ နည်းဥပဒေကို ရေးဆွဲနေပြီဖြစ်ပြီး သြဂုတ်လအတွင်း ထုတ်ပြန်နိုင်မည်ဟု မျှော်မှန်း ထားကြောင်း ကော်မရှင်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအ တွက် မဟာဗျူဟာစီမံကိန်းတစ် ခု ရေးဆွဲထားပြီး အဆိုပါ စီမံကိန်းပါ ကြိုတင် လုပ်ဆောင်ရမည့် အပိုင်းများကို နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများ အားလုံး၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List