Tuesday, July 29, 2014

အမြန်လမ်းအတွက် အရေးပေါ်ဖုန်းဝန်ဆောင်မှု စတင်ပေး


အမြန်လမ်းတစ် လျှောက် ယာဉ်မတော်တဆမှုဖြစ်ပွားပါက အခင်းဖြစ်ရာ နေရာသို့ ငါးမိနစ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများလာရောက်လုပ်ကိုင် ပေးမည်ဆိုသော အရေးပေါ်ဖုန်း (1880)၀န်ဆောင်မှုကို အစိုးရနှင့် ကုမ္ပဏီနှစ်ခု ပူးပေါင်း၍ စတင်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းအမြန်လမ်း ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်ကပြောသည်။

‘‘ကားအက်ဆီးဒင့်ဖြစ်တာမျိုး၊ ခဲနဲ့ အပေါက်ခံတာမျိုးနဲ့ ကားပျက်တာမျိုးတွေပါမယ်။ ခရီးသည်တွေ ပြဿနာ နာ တစ်စုံတစ်ရာ ကြုံလာရပြီဆိုရင် အရေးပေါ် ဖုန်းနံပါတ်ကိုခေါ်ပြီးအခင်းဖြစ်တဲ့ နေရာကို ငါးမိနစ်အတွင်း ကူညီ ကယ်ဆယ်ရေးလုပ်ဖို့ ပထမဆုံး အကောင်အထည်ဖော်တာပါ’’ ဟု ဦးကြည်ဇော်မြင့်ကပြောသည်။ 

အရေးပေါ်ဖုန်းခေါ်ဆိုမှု ၀န် ဆောင်မှုအစီအစဉ်ကို ဇူလိုင် ၂၈ ရက်မှ စတင်ပေးနေပြီး အမြန် လမ်းနှင့် သက်ဆိုင်သည့် အစိုးရ ဌာနများနှင့် ပြည်ပကုမ္ပဏီနှစ်ခု ဖြစ်သော Blue Ocean OperationManagement ကုမ္ပဏီနှင့် Forever Group တို့ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်သည်။ 

ရန်ကုန်- မန္တလေးအမြန်လမ်းတစ်လျှောက် အသုံးပြုနေသည့် ယာဉ်များအ နေဖြင့် အကူအညီလိုအပ်ပါက အရေးပေါ်ဖုန်းနံပါတ် ၁၈၈၀ သို့ ဆက်သွယ်အကူအညီတောင်း ကာ အဆိုပါဖုန်းဝန်ဆောင်မှုဌာန က အနီးဆုံးရဲစခန်းနှင့် အင်ဂျင် နီယာဌာနများသို့ ဆက်လက် သတင်းပို့ပြီး ကူညီကယ်ဆယ် ရေးလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မိုင်ပေါင်း ၃၆၆ ဒသမ ၃ မိုင် ရှည်လျားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရဲတပ်ဖွဲ့ မှူးရုံး ၁၅ ခုနှင့် ရဲကင်းစခန်း ၄၀ ရှိကာ အမြန်လမ်းအင်ဂျင်နီယာ ဌာန ၂၅ ခုရှိသည်။ ထို့အပြင် ယခင်က အသုံးပြုရန် သတ်မှတ် ထားသည့်အရေးပေါ်ကြိုးဖုန်းနှင့် မိုဘိုင်းဖုန်းများကိုလည်း အသုံးပြု နိုင်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအဆင့်မီအမြန် လမ်းများတွင် အသုံးပြုသည့် စနစ်များဖြစ်သည့် အမြန်လမ်းတစ် လျှောက် စီစီတီဗီကင်မရာများ တပ်ဆင်ခြင်းနှင့် ခရီးသည်တင်ယာဉ်များ၏ တည်နေရာကို ပြသည့်(GPS)စနစ်ကို လက်ရှိအချိန်တွင် အကောင်အထည်မဖော်နိုင်သေးဘဲ မကြာခင်စတင်နိုင်ရန် အစီအစဉ်များရေး ဆွဲနေကြောင်း အမြန် လမ်းပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (နေပြည်တော်)မှ သတင်းရရှိ သည်။


7Day Daily

No comments:

Post a Comment

My Blog List