Thursday, July 31, 2014

ရှင်ကျန်းဒေသ၌ ပဋိပက္ခ ထပ်မံဖြစ်ပွား လူဒါဇင်ပေါင်းများစွာ သတ်ဖြတ်ခံရ


တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ ရဲစခန်းတစ်ခုနှင့် အစိုးရရုံး များကို ဓားကိုင်ထားသော လူများက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် လူဒါဇင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။

ရှချန်ကောင်တီ ဒေသတွင်းရှိ ရဲစခန်းတစ်ခုနှင့် အစိုးရရုံးများကို ဓားကိုင် ထားသော လူများက တိုက်ခိုက် ခဲ့ခြင်းကြောင့် ဒေသခံ အူဂါမွတ်ဆလင်များနှင့် ဟန်တရုတ် လူမျိုးများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

တိုက်ခိုက်ရေးသမားများ အားလုံးကို တရုတ်ရဲတပ်ဖွဲ့ဝင်များက ပစ်သတ် လိုက်ပြီဟု သတင်းများ ဖြစ်ပေါ် လာပြီး ရှင်ကျန်း ဖြစ်ရပ်များနှင့် ပတ်သက်သည့် သတင်းများကို တင်းကျပ်စွာ ထိန်းချုပ်ထားသဖြင့် အဆိုပါ သတင်း အတည်ပြုနိုင်ရေး ခက်ခဲနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ရဲကား ၃၀ ကျော် ဖျက်ဆီးခံလိုက်ရပြီး ကားခြောက်စင်းမှာ မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

“အူဂါနဲ့ ဟန်အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု ဒေသခံ ရဲအရာရှိ များက ပြောကြားသည်။

ဓားကိုင်ထားသော လူများက အဲလီကူမြို့နယ်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် အနီးအနားရှိ ဒေသများသို့ သွားရောက်ကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဟန်တရုတ် ၁၃ ဦး ထိ သေဆုံးခဲ့ကြောင်း တရုတ်ရဲအရာရှိများက ပြောကြားသည်။

တရုတ်လုံခြုံရေး တပ်ဖွဲ့ဝင်များက ရာမန်ဒန် ဖိနှိပ်မှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေခြင်း၊ အင်အား အလွန်အကျွံ အသုံးပြုနေခြင်းများကို အူဂါများက ဆန္ဒပြနေခြင်း ဖြစ်သည်ဟု အမေရိကန်အခြေစိုက် အူဂါအမေရိကန် အဖွဲ့အစည်းက မှတ်ချက်ပြုသည်။

အူဂါမိသားစု တစ်စုမှာ ဇူလိုင် ၁၈ ရက်နေ့တွင် အဲလီကူမြို့အနီးရှိ မြို့နယ်တစ်ခုတွင် သတ်ဖြတ်ခံလိုက်ရပြီး ယင်းဖြစ်ရပ်ကို အူဂါများက စုဝေးဆန္ဒပြနေကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

သို့သော်လည်း အဆိုပါသတင်း နှစ်ရပ်စလုံးကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အဲလီကူ အကြမ်းဖက်မှုနှင့် ပတ်သက်၍ တရုတ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များမှာ အချိန်များစွာယူပြီးမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သော ရှန်ချန်ကောင်တီသည် ရှင်ကျန် အနောက်ပိုင်း ဒေသတွင်ရှိပြီး တာဂျစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဒေသဖြစ်ကာ အူဂါမွတ်ဆလင် အများစု နေထိုင် ရာဒေသ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List