Wednesday, July 30, 2014

Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့်မရှိတော့တဲ့ ခင်ဝင့်ဝါရဲ့ ရင်ဖွင့်သံ


ပြည်သူတွေချစ်တဲ့ Miss ခင်ဝင့်ဝါနဲ့ တွေ့ဆုံခိုက် Miss GoldenLand Myanmar Organization ကနေ Miss Supranational Myanmar ရဲ့Crown ကိုလွှဲပြောင်းခွင့် မပေးတဲ့အပေါ် သူမရဲ့သဘောထား ကိုမေးဖြစ်ခဲ့တဲ့အခါ သူမက “ သူတို့ဘက်က ဘယ်လို အကြောင်းကြောင်း တွေကြောင့် ပြောခဲ့တယ် ဆိုတာတော့ ညီမမသိဘူး။ 

ညီမဘက်ကတော့ သူတို့နဲ့ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝစည်းကမ်း မဖောက်ဖျက် ခဲ့ဘူး။ သူတို့နဲ့ သဘောတူထားတဲ့ အတိုင်း ညီမရဲ့အနုပညာကြေးထဲက ၃၀ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေး ခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ ကြားထဲက အခုလိုမျိုးဖြစ်လာတယ်ဆိုတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ 

တစ်ချို့သတင်းတွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာကတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့်သူကို သရဖူလွှဲခွင့် မပေးတော့တာပေါ့။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် တစ်ယောက်ရဲ့ကျင့်ဝတ်နဲ့အညီ မနေထိုင်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး”တဲ့။

ညီမဘက်ကရော မြန်မာ့ဂုဏ်ဆောင်အလှမယ် တစ်ယောက်အဖြစ် ပီသစွာ နေထိုင်ခဲ့သလားဆိုတာ မေးမြန်းကြည့်လိုက်တဲ့အခါ “ညီမရဲ့ ကိုယ်ကျင့်တရားကိုရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲလုပ်ဖူးခဲ့တဲ့ လူတွေ၊ အနုပညာ ညီအစ်ကိုမောင်နှမတွေ၊ ပရိသတ်တွေ၊ မီဒီ ယာတွေ အကုန်လုံး သိကြတယ်။ ညီမကိုMiss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့ အညီ မနေထိုင်ခဲ့ ဘူးလို့ သူတို့ဘက်က ဘာကြောင့်ပြောခဲ့တာလဲ ဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရင် အားသလို ရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတအလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ 

ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊အနုပညာအလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာတွေ ဂျာနယ် စာစောင်တွေမှာ တွေ့ရတယ်။ ညီမလည်း ဖတ်ရပါတယ်။ ညီမဘက်က မှန်တယ်၊မှားတယ် ဆိုတာ ပရိသတ်ကြီးသိမှာပါ။ လူတွေအကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ဘက်က ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမမသိဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ။  ကိုယ်က ကောင်းအောင်နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ်ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုးဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး”လို့ သူမက ပြောပါတယ်။

ခင်ဝင့်ဝါဟာ လတ်တလော မှာ စိုင်းစိုင်းခမ်းလှိုင်၊ စုမြတ်နိုးဦး၊ သူရိယတို့နဲ့ အတူ တကယ်လိုအပ်တဲ့အရာ ဆိုတဲ့ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး ဒီကား ရိုက်ပြီးသွားရင်လည်း စိုင်းစိုင်းခမ်းလှိုင်နဲ့ပဲ နောက်ထပ်တစ်ကားရိုက်ဖို့ရှိနေတယ်လို့ သိရပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List