Wednesday, July 30, 2014

ထောင်ဒဏ်ချမှတ်ခံထားရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များ အမြန်ဆုံးပြန်လည်လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲ ပြုလုပ်


ထောင်ဒဏ်ချမှတ်ခံထားရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များအမြန်ဆုံး ပြန်လည်လွတ်မြောက် ရန်အတွက် ဇူလိုင် ၂၉ရက် ညနေပိုင်း၌ ရန်ကုန်မြို့ရှိ ဆူးလေဘုရားပေါ်တွင် ဆုတောင်းပွဲပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါဆုတောင်းပွဲတွင် ယူနတီဂျာနယ်မှ သတင်းထောက်ကျော်လင်းနိုင်နှင့် ဒီမိုကရေစီအင်အားစုမှ အဖွဲ့ဝင်တချို့ပါဝင်၍ ဆူးလေဘုရားကို လက်ဝဲရစ်ပတ်ကာ ၀တ်ပြုဆုတောင်းခဲ့ကြောင်းလည်း သိရသည်။

“ခုလိုထောင်ဒဏ် ၁၀ နှစ်ချမှတ်တယ်ဆိုတာ အရမ်းများလွန်းပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုပြီး အော်နေပေမယ့် အစိုးရအနေနဲ့ အပြောနဲ့အလုပ် ညီစေချင်တယ်။ မီဒီယာတွေကို အပြည့်အ၀ လွတ်လပ် ခွင့်ပေးသင့်တယ်။ နယ်တွေမှာဆိုလည်း ပိုပြီးတော့ လွတ်လပ်ခွင့် ပေးသင့်ပါတယ်” ဟု ယူနတီဂျာနယ်မှ သတင်းထောက်တစ်ဦးဖြစ်သူ ကိုကျော်လင်းနိုင်က ဆိုသည်။

ဒီမိုကရေစီအင်အားစုမှ ဦးဘမြင့်ကလည်း “ ဒီဆုတောင်းပွဲလေးမှာ အဘတို့က ပါဝင်ပြီးအားဖြည့်ပေးတဲ့ သဘောပါပဲခုလို မျိုးမီဒီယာတွေကို ထောင်ဒဏ်ချမှတ်တာ အဘတို့အနေနဲ့လည်း လက်ခံနိုင်စရာ မရှိပါဘူး”ဟု ဆိုသည်။

ယူနတီဂျာနယ်မှ သတင်းထောက် လေးဦးနှင့် အမှုဆောင်အရာရှိ တစ်ဦးတို့မှာ လျှို့ဝှက်ဓာတုလက်နက် စက်ရုံအကြောင်း သတင်းရေးသားမှုနှင့်ပတ်သက်၍ ၎င်းတို့အား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List