Wednesday, July 30, 2014

ဦးရဲထွဋ်နဲ့ ဒေါက်တာ သန်းအောင်တို့ ဝန်ကြီးတွေဖြစ်လာမယ်


သမ္မတ လက်မှတ်ထိုး ထုတ်ပြန်တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က အမိန့်အစာအရ ပြန်ကြားရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတွေကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်ပြီး လစ်လပ်နေတဲ့ ဝန်ကြီးတွေ နေရာမှာ လက်ရှိ ဒုဝန်ကြီး ၂ ဦးကို အစားထိုးခန့်အပ်ဖို့ လွှတ်တော်ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ အဆိုပြု လိုက်ပါတယ်။

လက်ရှိ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို ပြန်ကြားရေး ၀န်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ရန် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့လိုက်ပြီး ကျန်းမာရေး ၀န်ကြီးအဖြစ် ဒုဝန်ကြီး ဒေါက်တာသန်းအောင်ကို အဆိုပြုထားတယ်လို့ လွှတ်တော်သတင်းရပ်ကွက်က ဆိုပါတယ်။ 

ဒါကြောင့် လွှတ်တော်က အတည်ပြုပေးလိုက်မယ်ဆိုရင် ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးဖြစ်လာဖို့ ရှိသလို ဒေါက်တာ သန်းအောင်လည်း ကျန်းမာရေး ဝန်ကြီးဖြစ်လာဖို့ ရှိပါတယ်။ 

အခုလို ပြန်ကြားရေးနဲ့ ကျန်းမာရေး ဝန်ကြီး ၂ ဦးကို ရာထူးက နုတ်ထွက်ခွင့် ပြုလိုက်တဲ့သတင်းကတော့ ရန်ကုန်မြို့က လူမှု အသိုင်းအဝိုင်းကြားမှာတော့ တီးတိုးဝေဖန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List