Friday, August 01, 2014

တနိုင်လုံးအဆင့် ထိုင်းစာ လက်ရေးလှပြိုင်ပွဲတွင် မြန်မာကျောင်းသား ပထမရရှိ






ထိုင်းအမျိုးသာဘာသာနေ့အထိမ်းအမှတ် မူလတန်းအဆင့် ထိုင်းစာလက်ရေးလှ ပြိုင်ပွဲမှာ မြန်မာရွှေ့ ပြောင်းကျောင်းသား မောင်ရာဇာက ထိုင်းတနိုင်ငံလုံးအဆင့် ပထမဆု ရရှိသွားပါတယ်။

ဒီပြိုင်ပွဲကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ် ကျင်းပတာ ဖြစ်ပြီး ခရိုင်ကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ကြတဲ့ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၈၀ နီးပါးရှိပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ နေ့စားလုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား မိသားစုကနေ မွေးဖွားလာတဲ့ မောင်ရာဇာဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဖုတ်ဖရာ့မြို့နယ် အလွန်းမေဌာ အလယ်တန်းလွန် ထိုင်းအစိုးရ စာသင်ကျောင်းမှာ ၃ တန်းတက်ရောက်နေသူ မြန်မာရွှေ့ပြောင်း လူငယ်ဖြစ်ပြီး သူတက်ရောက်နေတဲ့ အတန်းမှာလည်း ဘက်စုံထူးချွန်သူတဲ့ ကျောင်းသားတဦး ဖြစ်ပါတယ်။

ကျောင်းတွင်းပြိုင်ပွဲ၊ မြို့နယ်ပေါင်းစုံပြိုင်ပွဲနဲ့ ခရိုင်ကိုယ်စားပြုပြိုင်ပွဲကနေ အဆင့်ဆင့် ယှဉ်ပြိုင်ကာ၊ နောက်ဆုံး အဆင့် ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ ပြိုင်ပွဲမှာ ဆန်ကာတင် အယောက် ၂၀ ရွေးချယ်ခဲ့ရာမှာ ပါဝင်ခဲ့ပြီး၊ အဲဒီကနေတဆင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ရာ နောက်ဆုံးဆုရကျောင်းသား ၅ ဦးရွေးချယ်တဲ့ အထဲမှာမှ ပထမဆုကို ထိုင်းကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်း ကျောင်းသားတွေထဲမှာ ပထမဦးဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List