Sunday, July 27, 2014

ဒေဝါလီခံလိုက်သည့် East Wind Ship Management Company မှ သင်္ဘောသားများကို လျော်ကြေးရရှိရေး ITF ဆောင်ရွက်


East Wind Ship Management Company မှ မြန်မာသင်္ဘောသားများရရှိမည့် အချိန်ပိုလုပ်အားခနစ်နာ ကြေးကို မြန်မာသင်္ဘောသား ၂၃ ဦးရရှိခဲ့ ပြီး အချိန်ပိုလုပ်အားခ နစ်နာကြေး ရရှိရန် အယောက် ၄ဝဝ ကျော် ကျန်ရှိနေသေး ကြောင်း သိရသည်။

''ခုလောလောဆယ်မှာတော့ ၂၃ ဦးပဲလာယူသေးတယ်။ တခြားသင်္ဘောသား တွေအနေနဲ့ နစ်နာကြေး ရတယ်ဆိုတာ ကြား သိရတယ်ဆိုရင် နှစ်နှစ်အတွင်းလာရောက် ထုတ်ယူလို့ရပါတယ်''ဟု နစ်နာကြေး ရရှိရန် ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ITF မှ နိုင်ငံတကာ သင်္ဘောစုံစမ်း စစ်ဆေးရေး မှူးဦးရွှေထွန်းအောင်က ပြောသည်။

East Wind ကုမ္ပဏီမှ အချိန်ပိုလုပ်အားခနစ်နာကြေးရရန်ရှိသည့် မြန်မာသင်္ဘောသား ၄ဝဝ aကျာ်အနက်မှ 
၂၃ ဦးကို နစ်နာကြေးဒေါ်လာသုံးသောင်းကျော် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နစ်နာကြေးရယူရန် ကျန်ရှိသည့် သင်္ဘောသားများကိုလည်း ဆက် လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ East Wind ကုမ္ပဏီမှ အချိန်ပိုနစ်နာကြေးများ ပေးအပ်သည့်ပွဲကို ဇူလိုင် ၂၄ရက်က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Mi-Das Shipping Line မှလည်း Back Pay ကိစ္စများအား ITF (InternationalTransport worker Federation) နိုင်ငံတကာသင်္ဘောစုံစမ်းစစ် ဆေးရေးမှူးမှ ရှင်းလင်းပြောဆိုခဲ့သည်။

လက်ရှိတွင် ဒေဝါလီခံသွားခဲ့ရ သည့် East Wind ကုမ္ပဏီမှ သင်္ဘောသား များရရှိရန်ရှိသည့် နစ်နာကြေး များကို ITF မှ စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ကုမ္ပဏီမှ ဘဏ်တွင်ထားရှိထားသည့် အာမခံများကို ရှေ့နေမှတစ်ဆင့်တောင်းယူကာ သင်္ဘောသားများထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ITF အနေဖြင့် ရှေ့နေမှတစ်ဆင့် နစ်နာကြေးငွေ ဒေါ်လာတစ်သန်းခန့် ကိုတောင်းယူခဲ့ပြီး သင်္ဘော သား၂ဝဝကျော်ကို နစ်နာကြေးငွေ ဒေါ်လာနှစ်သိန်းခွဲခန့် ပေးအပ်ခဲ့ပြီးဖြစ်ကာ နစ်နာကြေး ဆက်လက် ပေးအပ်ရန် ဒေါ်လာခုနစ်သိန်းခွဲခန့် ကျန် ရှိနေသေးကြောင်း သိရသည်။

သင်္ဘောသားများ ရသင့်ရထိုက်သည့်နစ်နာကြေးငွေများကို ယခင်က ပြည်တွင်းရှိ သင်္ဘောသားအဖွဲ့ အစည်းတစ်ခုမှ တစ်ဆင့် ပေးအပ်ခဲ့သော်လည်း ခေါင်းပုံ ဖြတ်မှုများ ရှိလာသဖြင့် အမေရိကန်အခြေစိုက် ITF နေဖြင့် တိုက်ရိုက်လာရောက် အပ်ရခြင်းဖြစ်ကြောင်းသိရသည်။

ITF (International Trans-port worker Federation) နိုင်ငံတကာ သင်္ဘောစုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် East Wind ကုမ္ပဏီနှင့် သင်္ဘောသားများ အကြား ပြဿနာများဖြစ်ပေါ်နေသည်ကို သိရသဖြင့် ဝင်ရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းသိရသည်။

East Wind ကုမ္ပဏီသည် ဒေ ဝါလီခံကာ ဖျက်သိမ်းလိုက်သည့်အတွက် ITF က အဆိုပါကုမ္ပဏီ တည်ထောင်စဉ်က ဘဏ်များတွင် အာမခံထားသည့်ငွေများ ကိုထုတ်ယူကာ နစ်နာသည့်သင်္ဘောသားများ လျော်ကြေးရရှိရေးအတွက် ကူညီဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List