ဖိလစ်ပိုင်လူဦးရေ သန်း ၁ဝဝ ပြည့် ကလေးငယ် မွေးဖွား ဖိလစ်ပိုင်တွင် ယနေ့ (ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေ) နံနက်အစောပိုင်းက မွေးဖွားခဲ့သည့် မိန်းကလေးငယ်မှာ နိုင်ငံလူဦးရေ သန်း ၁ဝဝ ပြည့်မြောက်စေသော လူသားအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
ဂျန်နလန်း စန်တီနိုဟု အမည်ပေးလိုက်ပြီဖြစ်သည့် အဆိုပါ ကလေးငယ်မှာ ဖိလစ်ပိုင်တစ်နိုင်ငံလုံးရှိ အစိုးရဆေးရုံများတွင် မွေးဖွားခဲ့သော ကလေးငယ် ၁ဝဝ အနက် တစ်ဦးဖြစ်သည်။ ဖီလစ်ပိုင်သည် လူဦးရေ သန်း ၁ဝဝ ပြည့် ကလေးငယ်အဖြစ် သတ်မှတ်ရန် ကလေးမွေးဖွားမှုများကို စောင့်ကြည့်နေ ခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်လူဦးရေ သန်း ၁ဝဝ ပြည့်အဖြစ် ယနေ့ မွေးဖွားလာသည့် ကလေး မလေး၏ ဖခင်မှာ ကလီမင်တီ စန်တီနိုအမည်ရှိ အသက် ၄၅ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးဖြစ်ပြီး မိခင်မှာ အသက် ၂၇ နှစ်အရွယ် ဒိုင်လင်း ကဘီဂါယန်း အမည်ရှိ အမျိုးသမီးဖြစ်သည်။
၎င်းတို့နှစ်ဦးသည် တရားဝင် လက်ထပ်ထားခြင်းမရှိသေးချေ။ သို့သော် လက်ထပ်ရန် အစီအစဉ်ရှိကြောင်း ဖခင်ဖြစ်လာသူ ကလီမင်တီ စန်တီနိုက ပြောကြားသည်။
Mizzima - News in Burmese
No comments:
Post a Comment