အသေးအဖွဲ့များမှအစ ဖြစ်တတ်သည်များကို အချိန်မဆွဲဘဲ ချက်ချင်းဆောင်ရွက်ရန်နှင့်မလိုလားအပ် သည့်ပြဿနာများကိုကာကွယ်တာဆီးသွားရန်အတွက်တနင်္သာရီတိုင်းဒေသကြီးအတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့များဖွဲ့စည်းလျက်ရှိကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်အတွက် ဘာသာ ပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် မြိတ်ခရိုင်အတွက်ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့ကို ဇူလိုင်လ ၉ ရက်နေ့ ဖွဲ့စည်းလိုက်သည်။
ထို့အတူ ကော့ သောင်းခရိုင်တွင်လည်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ကို ထပ်မံဖွဲ့စည်း သွားမည်ဟု တနင်္သာရီတိုင်းဒေသကြီးသာသနာရေးရာ နှင့် လျှပ်စစ်ဝန်ကြီး ဦးဝင်းဆွေက ဆိုသည်။
“မြန်မာနိုင်ငံရဲ့ဒေသတစ်ချို့မှာ သေးငယ်တဲ့ကိစ္စတွေကိုအခြေခံပြီးဆူပူမှုကိုဖန် တီးသလို ဘာသာရေး အသွင်ဆောင်တဲ့ လှုပ်ရှားမှုတွေဖြစ်ပေါ်လာနေပါတယ် ။ ဘာမဟုတ်တဲ့ကိစ္စတွေ၊ရာဇ၀တ်မှုတွေကို အနောက်မှာ လူမျိုးစွဲ၊ဘာသာစွဲအမည်တွေတပ်ပြီးဖွကြတဲ့အတွက် အလွန်ပဲစိတ်မချမ်းမြေ့ဖွယ်ရာတွေ ကြားနေရပါတယ်ဒီလိုအခြေအနေမျိုးကို တားဆီးကာကွယ်ဖို့၊ ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဘာသာပေါင်းစုံချစ် ကြည်ညီညွတ်ရေးအဖွဲ့တွေကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးလိုက်လံဖွဲ့စည်းပေး နေတာပါ ”လို့ ၀န်ကြီးဦးဝင်းဆွေက ပြောကြားခဲ့သည်။
မြိတ်မြို့ခရိုင်အုပ်ချုပ်ရေးမှူးရုံး ရှိ ကျွန်းရတနာခမ်းမတွင် ကျင်းပသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဖွဲ့စည်းခြင်းနှင့်ဆွေးနွေးပွဲသို့ ဘာသာကြီး ၄ ခုမှကိုယ်စားလှယ်များအပြင် မြို့ပေါ်ရှိ ပရဟိတ အသင်းများ၊ မြို့မိမြို့ဖများနှင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့သည်။ဘာသာတစ်ခုစီမှ ၉ ဦးဖြင့်ရွေးချယ်ခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တွင် ကော်မတီ ၃၆ ဦး ပါဝင်မည်ဖြစ်သည်။
“တစ်ကယ်လုပ်နိုင်တဲ့သူတွေ၊ မြို့ပေါ်မှာသြဇာညောင်းတဲ့သူတွေ ပါဝင်တယ်လို့ သိရတယ်။ ထားဝယ်မှာ လည်းဒီလိုပဲအသေးအဖွဲ့ကိစ္စလေးတွေကိုတား ဆီးနိုင်ခဲ့လို့ လူတွေရဲ့ ယုံကြည်မှုကို ရရှိနေတယ်လို့ သတင်းရတယ် မြိတ်ခရိုင်နှင့်ကော့ သောင်းခရိုင်မှာလည်း ဒီလိုပဲ ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ် ”လို့ အခမ်းအနားသို့ တက်ရောက်ခဲ့သူ မြိတ်ဒေသခံတစ်ဦးမှဆိုသည်။
ခရိုင်အဆင့်အဖွဲ့များဖွဲ့စည်းပြီးနောက်မြို့နယ်၊ ရပ်ကွက်ကျေးရွာများအထိ အဆင့်ဆင့်ဖွဲ့စည်းကာလုပ်ငန်း များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြတ်ထွဋ် ( မြိတ် )
The Myanmar Age
No comments:
Post a Comment