Sunday, July 13, 2014

မြောင်းမြဆေးရုံ၏ တရားမဲ့ငွေတောင်းခံမှုများကင်းစင်ရေး ဟုဆိုကာ ပြည်သူများ ဆန္ဒထုတ်ဖော်






ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့တွင် မြောင်းမြဆေးရုံ၏ တရားမဲ့ ငွေတောင်းခံမှုများနှင့် မသမာပြု မှုများ ကင်းစင်ရေး ဟုဆိုကာမြောင်းမြမြို့သူ မြို့သား ၂၀၀ ခန့်က ယနေ့မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။

မြောင်းမြမြို့၊ ဘုရားချောင်းရပ်ကွက် တွင် အသက် (၃၇) နှစ်အရွယ်အမျိုးသားတစ်ဦး  ဆေးကုသစားရိတ် မတတ်နိုင်၍ မိမိကိုယ်ကိုယ်ဆွဲကြိုးချသက်သေခဲ့သည်ဟူသည့်သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြောင်းမြ မြို့ပြည့်သူ့ဆေးရုံ အားယခုကဲ့သို့ ပထမဦးဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“တို့မြောင်းမြ ပြည်သူ့ဆေးရုံကြီး ဆရာဝန်ဆရာမတွေရဲ့ ငွေတောင်းခံမှု၊ လူနာတွေကို ပိုက်ဆံပေးမှ ကြည့် တယ် ပိုက်ဆံမပေးရင်မကြည့်ဘူး၊ပိုက်ဆံပေးမှခွဲပေးတယ်၊ ရှယ်ခွဲရင် ရှစ်သောင်းခွဲ ရိုးရိုးခွဲရင် လေးသောင်း ပေးရတယ်၊ ကျွန်တော်တို့ပြည်သူတွေမှာ ငွေရှာရင်း သေလည်းသေတယ်၊ဒါ့ကြောင့် အဲ့ဒီစနစ်ကိုမလိုချင်လို့ ကျွန်တော်တို့အခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” ဟု ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစစ်အောင် ကပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၈နာရီခန့်တွင် မြောင်းမြမြို့ အောင်ဆန်းလမ်းနှင့် ၉လမ်းထိပ်မှစတင်ခဲ့ပြီး ၄င်းမှ အောင်ဆန်းလမ်းအတိုင်း ၁၂ လမ်းထိုမှတဆင့် ဦးဘချိုလမ်းတစ်လျှောက် မြို့ကိုပတ်၍ တရားမဲ့ငွေတောင်း ခံမှု စစ်ဆေးအရေးယူပေး ၊ အစိုးရနှင့် အခြားမှ ထောက်ပံ့ဆေး ပစ္စည်းများမသမာမှု ပြုသူတွေကို စစ်ဆေး အရေးယူပေး၊ ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းတွေ ကျင့် ၀တ် ဥပဒေစောင့်ထိန်းကြ၊ ဆရာဝန်လိုင်စင်ဟာ အေးဓါးပြတိုက်ခွင့် လိုင်စင်မဟုတ်ဘူး၊ လူနာလာသမျှ ဖမ်းစားပုံ မြောင်းမြဆေးရုံ သားရဲတွင်းလား၊ စသည့် ပိုစတာငယ်များကိုကိုင်ဆိုင်ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စုရပ်ပြုလုပ်ခဲ့ရာနေရာတွင်ပင် နံနက် ၁၀ နာရီတွင် ငြိမ်းချမ်းစွာပြီးဆုံးသွားခဲ့သည်။

မြောင်းမြဆေးရုံနှင့် ပတ်သက်၍ သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးနေကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ မြောင်းမြမြို့ မြရွှေဝါခန်းမတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို က မြောင်းမြမြို့ ရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

မြောင်းမြမြို့ ရှိအရပ်ဘက်အဖွဲ့အစည်းများကလည်း  ဇူလိုင်လ ၃ရက်နေ့က ”မြောင်းမြမြို့ ဘုရားချောင်း ရပ်ကွက် အေ ၅ လမ်းနေ ဦးညီညီအောင်အသက် (၃၇) နှစ် (ဘ) ဦးလှကြည် မိမိကိုယ်ကို ဆွဲကြိုးချ သက်သေခြင်းနှင့်ပတ်သက်၍မြောင်းမြ ဆေးရုံဝန်ထမ်းများ၏ တာဝန်မဲ့လုပ်ရပ်နှင့်ရိုင်းစိုင်းစွာပြောဆို 
ဆက်ဆံခြင်းအပေါ် မြောင်းမြမြို့နယ် လူမှုရေးအသင်းအဖွဲ့များက  ပြင်းထန်စွာရှုံ့ချသည်”  ဟူ၍ သဘော ထားကြေငြာချက်တစ်စောင်ကို စုပေါင်းထုတ်ပြန်ခဲ့သည်။

The Myanmar Age

No comments:

Post a Comment

My Blog List