အငြင်းပွားနေတဲ့ အာဖဂန်ရွေးကောက်ပွဲ အတွက်၊ သမ္မတလောင်း ၂ ဦးစလုံးက၊ မဲတွေကို ပြန်လည် စီစစ်ဖို့ သဘောတူလိုက်တယ်ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဝန်ကြီး ကယ်ရီဟာ၊ သမ္မတလောင်း ၂ ဦး ဖြစ်ကြတဲ့၊ အာရှရပ်ဖ် ဂါနီနဲ့ရော၊ အဗ္ဗဒွလ်လာ အဗ္ဗဒွလ်လာ နဲ့ပါ၊ တွေ့ဆုံ စကားပြောခဲ့ အပြီး၊ အခုဆို လာမယ့် ၂၄ နာရီအတွင်း၊ ရွေးကောက်ပွဲ အတွင်း ပေးထားခဲ့သမျှ မဲ ၈ သန်းကို စတင်စီစစ်မှာ ဖြစ်တယ်လို့၊ မစ္စတာ ကယ်ရီက ဆိုပါတယ်။
ဒီလို စီစစ်ရာမှာ နိုင်ငံတကာမှာထားရှိတဲ့၊ အမြင့်ဆုံး စံနှုန်းစံထားတွေအတိုင်း ဆောင်ရွက်မှာ ဖြစ်ပြီး၊ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်တယ်လို့လည်း ပြောပါတယ်။
အလွန်ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခု ရဲ့ ပထမဆုံး ခြေလှမ်းတွေ ဖြစ်ပြီး၊ အတိမ်းအစောင်း မခံနိုင်ပဲ၊ သမ္မတ လောင်း ၂ ဦး အပါအဝင် သက်ဆိုင်ရာ အာဖဂန် အရာရှိတွေ အားလုံး လက်တွဲပြီး လာမယ့် ရက်တွေမှာ အာဖဂန် ပြည်သူတွေ ရဲ့ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာဖို့ လုပ်ဆောင်ကြရမှာ ဖြစ်တယ် ဆိုပြီး၊ မစ္စတာ ကယ်ရီက ပြောခဲ့ပါတယ်။
ပြည်နယ်တွေမှာရှိတဲ့ မဲတွေကို နေတိုး ဦးဆောင်တဲ့ တပ်ဖွဲ့တွေက မြို့တော်ကဘူးလ်ကို သယ်ယူ ပေးလာ မှာ ဖြစ်ပြီး၊ အာဖဂန်စစ်တပ် အပါအဝင် နိုင်ငံတကာတပ်ဖွဲ့ ဝင်တွေက လုံခြုံရေး စောင့်ကြပ် ပေးမှာ ဖြစ်ပါတယ်။
BBC
No comments:
Post a Comment