မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီ အစဉ်နှင့်ပတ်သက် ၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့် အလှမယ်မှာလည်း ပရိသတ်အားပေးမှုနှင့်လွဲ ချော်ခဲ့သောကြောင့်ဝေ ဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ထို့အပြင် အကဲဖြတ်အဖွဲ့ဝင်များ၌ ယိုးဒယားမှပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင်ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှအလှမယ်ထက်သာသည့်သူကို ရွေးချယ်မည်လားဆိုသည့်အကြောင်းကို သိလိုသလို နောက် ဆုံးဆန်ခါ တင်ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့ သောကြောင့် အဆိုပါ ဒိုင်များအ နေဖြင့် မည်ကဲ့သို့မှတ်ချက်ပေးခဲ့သည်ကိုသိချင်ကြောင်းယင်းပြိုင်ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက ၎င်း၏ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။အစ်မတို့အဖွဲ့ အစည်း လုပ်တာကိုင်တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။
ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲဝင်များကို ပရိသတ်မျာအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့သွား ရောက် ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာဝေဖန်မှုများရှိခဲ့သလို ပရိသတ်အားပေးမှုအများဆုံး အလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့်ဝေ ဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။
သို့သော် သျှားထွဋ်အိန္ဒြာ သည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည်ပခရီးစဉ် တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေးချယ်ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသော ကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကိုကြည့်ရှု ခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။
‘‘တစ်ယောက် တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ်သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံ ရေးတည်ဆောက်နိုင်တယ်။ Ele-gantဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင် ကြတယ်။ ဒါက သူ့ရဲ့အားသာ ချက်တွေပါ။ သျှားထွဋ်ကကျ တော့လည်းတက်ကြွတယ်။ ယုံ ကြည်မှုရှိတယ်။ Activeဖြစ် တယ်။ တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့် ပတ်သက်၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။
ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုးစက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှသာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ် သောကြောင့် သျှားထွဋ်အိန္ဒြာကိုလည်း ချစ်ခင်အားပေးသည့် ပရိသတ်များလာမည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် ၂၀၁၃တွင်သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ၀ဠာပြိုင်ပွဲသည်ပြင်ဆင်ချိန်နည်းခဲ့သောကြောင့် လိုအပ်ချက်များ စွာရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ပြင်ဆင်ချိန် လုံလုံလောက် လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။
‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ် ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာ တွေ ကမ္ဘာမှာ လည်း နောက်ထပ် Tasteအသစ်တစ်မျိုးပေးနိုင်မယ်လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။
သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့်မှုများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံများသို့ သွား ရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
7Day Daily
No comments:
Post a Comment