အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ
မိတ်အဖွဲ့ UNA ခေါင်းဆောင်တချို့က ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စတွေကို နေပြည်တော် က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ ၂ နာရီနီးပါးကြာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆ င်ရေး၊
နိုင်ငံရေးဆွေးနွေး ပွဲတွေ ကျင်းပနိုင်ရေး နဲ့ ၂၀၁၅ ရွေးကောက်ပွဲ
ကျင်း ပနိုင်ရေးတို့မှာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးခဲ့ ကြတယ်လို့ UNA
အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေ စီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့် လွင်က ပြောပါတယ်။
" ဒီ ၂၀၁၅ ထဲမှာပေါ့နော်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ နောက် ပြီးတော့ ဆွေးနွေးပွဲတွေဖြစ်မြောက်ရေး၊
အခြေခံ ဥပဒေပြင် ဆင်ရေးနဲ့ ပတ်သက် လို့ လောလော ဆယ်တော့
စကားလုံးအတိအကျမရသေးဘူး၊ စကားလုံး အတိအကျ ရ အောင်ပြန်လုပ်မယ်၊ NLD ဖက်မှာလဲ
သူတို့လုပ်ပါလိမ့်မယ်၊ နောက် ကုမ္ပဏီချင်း ဆက်ပြီးတော့ ညှိနှိုင်း မှာပါ၊
NLD အနေနဲ့ဆိုရင် တခြားအမိတ်အဖွဲ့အစည်းတွေကို အကြာကြီး ညှိနှိုင်းဆွေးနွေးတာမရှိပါဘူး၊ ဒါအစပါပဲ"
အဲ့ဒီအချက် ၃ခု နဲ့ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက် ဆွေးနွေးကြဦးမှာဖြစ်တယ် လို့ သိရပါတယ်။
UNA က မိတ်ဖက်နိုင်ငံရေးပါတီတွေအြ ပင်
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း၊ နိုင်ငံရေး
အကျဉ်း သားဟောင်းများအဖွဲ့ စတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့
ပူးပေါင်းဆောင်ရွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရ ပါတယ်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကို တိုင်းရင်းသား နိုင်ငံရေးပါတီ ၈ခု နဲ့ ဖွဲ့စည်း ထားတာဖြစ်ပါတယ်။
RFA Burmese
No comments:
Post a Comment