Monday, January 12, 2015

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်စရန် ဒေသခံအချို့ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၄ အတွင်း ရပ် ဆိုင်းခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်းပြန်လည် ဆောင် ရွက်ပေးရန် ကျေးရွာ ၁၂ ရွာမှ ဒေသခံတစ်ထောင်ကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်။ရန်ကုန်မြို့ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ ရွာသူရွာသားများ စုပေါင်းပြီး ဇန်န၀ါရီ ၁၁ ရက်တွင်တာမွေမြို့နယ် ဟစ်တိုင်ကွင်း၌သုံး နာရီကျော်ကြာ ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။ ယင်းကျေးရွာဒေသခံများက စီမံကိန်းဆက်လက်ဆောင် ရွက်ရန် ဆန္ဒပြတောင်းဆိုမှုမှာ သုံးကြိမ်ရှိပြီဖြစ်သည်။
ရန်ကုန်မြို့သစ် စီမံကိန်း အောင်မြင်ရေး ဒို့အရေး၊ ရန်ကုန် မြို့သစ်စီမံကိန်း ဖျက်ဆီးသူ ဒို့ ရန်သူ၊ ရန်ကုန်မြို့ သစ်စီမံကိန်း အောင်ရမည်ဟူ၍ ကြွေးကြော်သံ များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများက သမ္မတဦးသိန်းစိန်ဓာတ်ပုံများ၊ ဒေါ်အောင်ဆန်း စုကြည်ဓာတ်ပုံ များ၊ ရန်ကုန် တိုင်းဒေသကြီး ၀န် ကြီးချုပ် ဦးမြင့်ဆွေပုံများ၊ ဗီနိုင်းများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်တောင်း ဆို ခဲ့ကြခြင်းဖြစ်သည်။

‘‘ရန်ကုန်ရဲ့ တစ်ဖက်ကမ်း က ဖွံ့ဖြိုးမှုတွေ အရမ်းနိမ့်ကျ တယ်။ တစ်ဖက်ကမ်းမှာတော့ တိုက်တာကြီးတွေနဲ့ ဒီဘက်ကမ်း မှာတော့ ရန်ကုန်နဲ့ နီးပြီး ဓနိမိုး ထရံကာနဲ့ နေရတဲ့ ကျွန်တော်တို့ ဒေသခံတွေရဲ့ ဘ၀ကို မြှင့် တင် ပေးဖို့အတွက် မြို့သစ်စီမံကိန်းကို ပြန်လည်လုပ်ဆောင်ပေးစေချင်တာပါ’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ ကုလားတန်းသုံးအိမ် ကျေးရွာမှ ရွာသား ဦးထိန်စိုးက ဆိုသည်။

ရန်ကုန် တစ်ဖက်ကမ်းမြေဧက သုံးသောင်းကျော်တွင် ပါဝင်မည့်ရန်ကုန်မြို့သစ် စီမံကိန်းရပ်ဆိုင်းခဲ့ခြင်းကြောင့် ဒေသခံများဆန္ဒထုတ်ဖော်ခဲ့သည်မှာ သုံးကြိမ် မြောက်ရှိနေပြီဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၄ သြဂုတ် ၂၂ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ် တော် အစည်းအဝေး၌ ရန်ကုန်၏ အနောက်ပိုင်းတွင် မြို့သစ်စီမံ ကိန်းလုပ်ဆောင်မည်ဟု ရန်ကုန် မြို့တော်ဝန် က ပြောကြားအပြီး ရက်ပေါင်း ၃၄ ရက်အကြာ၌ စီမံကိန်းကို ဆက်လက်လုပ်ဆောင် တော့မည်မဟုတ် ဟု ပြော ကြားလိုက်ပြီးနောက် မြို့သစ်စီမံကိန်း ရပ်ဆိုင်းသွားခဲ့သည်။

အဆိုပါစီမံကိန်းနှင့် ပတ် သက်၍ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကလည်း ဒေသခံများ၏ သဘောဆန္ဒ ကို ထောက်ထားပြီး တောင်းဆိုမှုများပြားလာပါကမြို့သစ်စီမံကိန်း ပြန်လည်လုပ် ဆောင်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့သို့ ရန် အစီအစဉ်ရှိကြောင်း ၂၀၁၄ ဒီဇင်ဘာနောက်ဆုံးပတ်က မြို့ တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြော ကြားထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List