Tuesday, January 13, 2015

ခရိုအေးရှားတွင် ပထမဆုံးအမျိုးသမီးသမ္မတကို ရွေးကောက် တင်မြှောက်


အတိုက်အခံစိန်ခေါ်သူ ကိုလင် ဒါဂရာဘာကီတာရိုဗစ်အား ပထမဆုံးခရိုအေးရှား၏ အမျိုးသမီးသမ္မတ အဖြစ် ရွေးချယ်လိုက်သည်။ ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်ခဲ့ရာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုပြုလုပ်ပေးမည်ဆိုသည့် ကတိဖြင့် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်ကြောင်း AFP သတင်းအရ သိရသည်။
နိုင်ငံရေးအရ ရှေးဆန်သည့် ဂရာဘာကီတာရိုဗစ်မှာ ယခင်က နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ် ဦး ဖြစ်ပြီး နေတိုးအဖွဲ့မှ အရာရှိတစ်ဦး ဖြစ်သည်။ သူမသည် မဲ ၅၀ ဒသမ ၄ရာခိုင်နှုန်းဖြင့် ပွတ်ကာသီကာ အ နိုင်ရခဲ့သည်။

သူမနှင့် ပြိုင်ဘက်ဗဟိုလက်ဝဲ ဝါဒီ အီဗိုဂျိုဆီပိုဗစ်မှာ လက်ရှိသမ္မ တဖြစ်ပြီး မဲ ၄၉ ဒသမ ၆ရာခိုင်နှုန်း ရရှိခဲ့သည်။

''ဒီမိုကရေစီစစ်ပွဲမှာ ဂရာဘာ ကီတာရိုဗစ် အနိုင်ရသွားခဲ့ပါတယ်။ သူမကို ဂုဏ်ပြုပါတယ်'' ဟု အသက် ၅ရနှစ်ရှိ ဂျိုဆီပိုဗစ်က ဇာဂရက်မြို့ ရုံးချုပ်၌ သူ့အားထောက်ခံသူများကို ပြောကြားခဲ့သည်။

အတိုက်အခံ HDZ ပါတီက ကိုယ်စားလှယ် အသက် ၄၆နှစ်ရှိ အနိုင်ရရှိသူမှာ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်ပြီး၊ ဥရောပ သမဂ္ဂ၏ အ သစ်စက်စက်အဖွဲ့ ဖြစ်လာမည်ဟု ဆိုသည်။

တနင်္ဂနွေနေ့ကကျင်းပခဲ့သော ခရိုအေးရှားရွေးကောက်ပွဲမှာ အခမ်း အနားတက်ရန်အတွက်သာ ဖြစ်သည့် သမ္မတရာထူးဖြစ် သည်။ ခရိုအေးရှား မှာ ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ၂၈နိုင်ငံ မြောက် အီးယူအဖွဲ့ဝင်ဖြစ် ခဲ့သည်။

ခရိုအေးရှားကို မချမ်းသာနိုင် ဘူးလို့ ဘယ်သူ့ရဲ့အပြောအဆိုကိုမှ လက်မခံနိုင်ပါဘူးဟု ဂရာဘာကီတာ ရိုဗစ်က ထောက်ခံသူ များကို ပြော သည်။

စီးပွားရေးပြသနာဖြေရှင်းရန် အတွက် နိုင်ငံသားများ ညီညွတ်ကြ ရန်လည်း သူမက တိုက်တွန်းလိုက် သည်။

Ref : AFP
#Democracytoday

No comments:

Post a Comment

My Blog List