အစိုးရနှင့် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များအကြား ပြုလုပ်နေသည့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များသို့ ၀င်ရောက် လေ့လာခွင့်ပြုရန် ပြည်တွင်း
အခြေစိုက် လူငယ်အဖွဲ့ ၃၀ ကျော်က တောင်းဆိုမည်ဟု သတင်း ရရှိသည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီ လလယ်ပိုင်းတွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံမည့် ပွဲတွင် အထက်ပါအတိုင်း
တောင်းဆိုမည် ဖြစ်ကြောင်း လူငယ် အ၀န်းအ၀ိုင်း အဖွဲ့မှ ကိုစောထွန်းထွန်းက
ဧရာဝတီသို့ ပြောသည်။ကိုစောထွန်းထွန်းက “ငြိမ်းချမ်းရေး ဆွေးနွေးနေတာကို လူငယ်တွေ ကြားထဲမှာ သိချင်ပေမယ့် ဘာမှ မသိရပါဘူး၊ ဆွေးနွေးပွဲတွေမှာ ဘာတွေ ပြောနေ တယ်၊ ဘယ်လို အခြေအနေ ရောက်ပြီ ဆိုတာကို ကျနော်တို့ သိချင်တယ်။ ဒါကြောင့် တောင်းဆိုမှာပါ” ဟု ပြောသည်။
လူငယ်များ အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် စိတ်ဝင်စားမှု ရှိသော် လည်း ပွင့်လင်း မြင်သာသည့် သတင်း အချက်အလက်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေအနေများ အတိအကျ မသိရှိရသဖြင့် ယခုကဲ့ သို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ပြည်တွင်း လူငယ်အဖွဲ့များက ပြောကြသည်။
တောင်းဆိုမည့် လူငယ်အဖွဲ့ ၃၀ ကျော်မှာ မြန်မာပြည်တွင်း လူငယ်များ၏ ပညာရေးနှင့် လူမှုရေး ဆုံချက်၊ Master Peace ၊ လူငယ် အ၀န်းအ၀ိုင်း ၊ လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့၊ ကဗျာ ချစ်သူများ အသင်း ၊ ရှမ်းလူငယ်များ အသင်းနှင့် ရန်ကုန်မြို့ အခြေစိုက် လူငယ် ကွန်ရက်များ ပါဝင်ပြီး မည်သည့် အဖွဲ့တွင်မှ ပါဝင်ထားခြင်း မရှိသည့် ငြိမ်းချမ်းရေး တတ်ကြွလှုပ်ရှားနေသူ လူငယ်များလည်း ပါဝင်သည်ဟု သိရသည်။
မြန်မာပြည်တွင်း လူငယ် ပညာရေးနှင့် လူမှုရေးဆုံချက် အဖွဲ့မှ ကိုလင်းနီသွေးက လည်း “ဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ရဖို့ အနည်းဆုံး နှစ်ယောက်၊ ဒါမှ မဟုတ် လေးယောက် ကျနော်တို့ တောင်းဆိုမယ်။ လူငယ်တွေက အနာဂတ် ရဲ့ ခေါင်းဆောင်တွေပါ။ မြန်မာနိုင်ငံရဲ့ အရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စတွေကို အခုကတည်းက သိထားသင့်တယ်လို့ ယူဆပါတယ်” ဟု ပြောဆိုသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၂၅ ရက်က UPWC နှင့် လူငယ်အဖွဲ့များ ပထမဆုံး အကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လူငယ်များ ပူးပေါင်းပါဝင်ခွင့်ရ ရန် ဆွေးနွေးခဲ့ဖူးကြောင်း ကိုလင်းနီသွေးက ဆက်ပြော သည်။
ပထမအကြိမ် တွေ့ဆုံရာတွင် လူငယ်များက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိအတိုင်း ဝေမျှပေးရန်၊ အပစ် အခတ် ရပ်စဲရေး ဆွေးနွေးမှုကို နိုင်ငံရေး အာမခံချက် တစုံတရာ ရမှသာလျှင် ရှေ့ဆက်သွားရန်၊ ငြိမ်းချမ်း
ရေးဖြစ်စဉ်တွင် လူငယ်အခန်းကဏ္ဍကို ထုတ်ဖော်ပြရန်၊ အစိုးရနှင့်
တိုင်းရင်းသား ခေါင်းဆောင်တို့
အကြား ဆွေးနွေးမှု တကြိမ် ပြုလုပ်ပြီးတိုင်း
လူငယ်အဖွဲ့များနှင့် တွေ့ဆုံကာ အချက်အလက် မျှဝေပေးရန်၊ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွင် ပါဝင် ဆွေးနွေးနေ သည့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကို
လူငယ်
များနှင့် တွေ့ဆုံဆွေးနွေး ခွင့် ပေးရန် စသည့်တို့ကို
တောင်းဆိုထားကြောင်း သိရသည်။
UPWC မှ အကြံပေး ဦးလှမောင်ရွှေက “လူငယ်တွေနဲ့ ကျနော်တို့ကြားမှာ တိတိကျကျတော့ ဘာမှ မပြော
UPWC မှ အကြံပေး ဦးလှမောင်ရွှေက “လူငယ်တွေနဲ့ ကျနော်တို့ကြားမှာ တိတိကျကျတော့ ဘာမှ မပြော
ထား သေးပါဘူး။
အခုအချိန်မှာ လူငယ်ပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ
ဖြစ်ဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စိတ်ဝင်စားတာ နားလည်ပေးနိုင်ပါတယ်။
ဒါပေမယ့် အစိုးရ (UPWC) ဘက်က အခုထိ ဘယ်သူ့ကိုမှ ဖိတ်တာ မရှိသေးပါဘူး၊
တိုင်းရင်းသားတွေ ဘက်ကတော့ ပြောနေကြတွေ ရှိပါတယ်” ဟု ပြောသည်။
အစိုးရအနေဖြင့် လေ့လာသူများကို ဖိတ်ခေါ်ခြင်း မပြုသည်မှာ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အငြင်း
အစိုးရအနေဖြင့် လေ့လာသူများကို ဖိတ်ခေါ်ခြင်း မပြုသည်မှာ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အငြင်း
ပွားမှုများ မဖြစ်စေလိုခြင်းကြောင့် ဖြစ်သည်ဟု
ဦးလှမောင်ရွှေက ရှင်းပြသည်။
လူငယ် အဖွဲ့များက တိုင်းရင်းသား ခေါင်းဆောင်များ ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုလည်း တွေ့ ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ပါဝင် တက်ရောက် ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် အတွင်း NCCT နှင့် လူငယ်များ သုံးကြိမ်အထိ တွေ့ဆုံ ခဲ့သည်။
လူငယ်များအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ၀င်ရောက်ခွင့်ရလျှင် ငြိမ်းချမ်း
လူငယ် အဖွဲ့များက တိုင်းရင်းသား ခေါင်းဆောင်များ ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုလည်း တွေ့ ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ပါဝင် တက်ရောက် ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။ ၂၀၁၄ ခုနှစ် အတွင်း NCCT နှင့် လူငယ်များ သုံးကြိမ်အထိ တွေ့ဆုံ ခဲ့သည်။
လူငယ်များအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လေ့လာသူအဖြစ် ၀င်ရောက်ခွင့်ရလျှင် ငြိမ်းချမ်း
ရေး
ဖြစ်စဉ်ထဲမှ မည်သည့် ကဏ္ဍတွင် ပါဝင် ကူညီနိုင်မည်ကို အဖွဲ့အစည်းတခုဖွဲ့ကာ
ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ဧရာဝတီ
ဧရာဝတီ
No comments:
Post a Comment