နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားရေးရာ ခေါင်း ဆောင် ၄၈ ဦး တက်ရောက် ခဲ့ သော တွေ့ဆုံဆွေးနွေးမှုသည် သမ္မတက ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကို ရှောင်ရှားလို၍ ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားလိုက်သည်။
မည်ကဲ့သို့သော မူအရ ထို ပုဂ္ဂိုလ်များအား ဖိတ်ကြားသည်ဆို ခြင်းကို နားမလည်ကြောင်း၊ မသိ ကြောင်း၊ စဉ်းစားရခက်ကြောင်း ၎င်းကဆိုသည်။
ပါတီ ခေါင်းဆောင်များ လည်းမဟုတ်ဘဲ၊ လွှတ်တော်တွင်း အဖွဲ့ ခေါင်းဆောင်များ လည်း မဟုတ်ဘဲ ယခုတိုင်းရင်းသားရေးရာဝန်ကြီးများကို ဖိတ်ကြားခြင်းမှာ မည်ကဲ့သို့သော မူကိုအခြေခံ၍ ဖိတ်ကြားခြင်းဖြစ် သည်ကို သမ္မတအား ပြန် လည်မေးမြန်းကြ စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် များအား ပြောကြားသည်။
ဇန်န၀ါရီ ၁၂ ရက်က သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သမ္မတနှင့် နိုင် ငံရေးခေါင်း ဆောင်များ တွေ့ဆုံပွဲ အပြီး၌ ဒေါ် အောင်ဆန်းစုကြည်က ၎င်းနေအိမ်၌ သတင်းစာရှင်းလင်းပွဲ လုပ်၍ အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်နှင့် အာ လာပသလ္လာပမျှ သာ ပြောကြားခဲ့ ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအ၀င် တပ်နှင့်ပတ်သက်၍ ကာချုပ်က ဘာမှမပြော ကြောင်း ဒေါ်အောင် ဆန်းစုကြည် ကပြောကြားသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများကို စည်း ရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပြည်သူ အများစုမှာ ဖွဲ့စည်း ပုံပြင်ဆင်ရေးကို ကြားလည်း မကြားဖူး၊ မြင်လည်း မမြင်ဖူး၊ ဖတ်လည်း မဖတ်ဖူးသည် ကိုတွေ့ ရသည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။
‘‘အန်တီတစ်ခုစဉ်းစားမိတာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူက စိတ်မ၀င်စားဘူးဆို တာကို လက်ခံ ရမယ်ဆိုရင် ၂၀၀၈တုန်းက ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံပါတယ်ဆိုတဲ့ကိစ္စကို အများကြီး ပြန်စဉ်းစား ရတော့မလိုဖြစ်နေတယ်။
ဘယ့်နှယ်လုံးဝ စိတ်မ၀င်စား၊ ဘာမှမသိတဲ့ ပြည်သူလူထုက ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံထားပါတယ်ဆို တာ တစ်ခုခုတော့ အရှေ့အနောက် မညီဘူးလို့ပြောရမှာပဲ’’ ဟု ကာ ကွယ်ရေးဦးစီးချုပ်၏ ခြေဥ အတည်ပြု ရန် ဆန္ဒခံယူပွဲတွင် ပြည်သူ ၉၂ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ယခု ၄၈ ဦးတွေ့ဆုံမှုသည် ပြည်ထောင်စု လွှတ်တော်မှ တောင်းဆိုထား သည့် ခြောက်ပွင့် ဆိုင်နှင့် မတူဘဲ ယေဘုယျဆန် ကြောင်း ဒေါ်အောင်ဆန်း စုကြည် ကပြောကြားသည်။
‘‘အန်တီတို့ ရည်ရွယ်တဲ့ ခြောက်ပွင့်ဆိုင်က ဒါတွေဆွေး နွေးမှာ မဟုတ်ဘူး။ ဥပမာရွေး ကောက်ပွဲနဲ့ ပတ် သက်လို့ ဦး တင်အေးရှင်းပြတာတွေက အ ရေး မကြီးဘူးမဟုတ်ပါဘူး၊ ကြီး တယ်။ ဒါပေမဲ့ ဒါတွေက အန်တီ တို့ နိုင်ငံရေး ပါတီတွေအားလုံး သိပြီးသား။ အခု ၄၈ ယောက်ဆို တော့ ယေဘုယျ ဆန်တာပေါ့’’ဟု ၎င်းကပြောသည်။
ယနေ့တွေ့ဆုံမှုတွင် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် သမ္မတဖိတ်ကြားစာ၌ ပါဝင်သော ခေါင်း စဉ်သုံးခု ဖြစ်သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ နိုင် ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုသည့် အချက်သုံးချက်အပေါ် သုံးသပ်အကြံပြုချက်ကို နောက်ရက်များ တွင် ပါတီမှ တရားဝင်ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောကြားသည်။
7Day Daily

No comments:
Post a Comment