Tuesday, January 13, 2015

အီရတ်စစ်တပ်အတွက် ညွှန့်ပေါင်းအဖွဲ့၏ ထောက်ပံ့ပေးမှုသည် နှေးကွေးနေ သည်ဟု အီရတ်ဝန်ကြီးချုပ်ဝေဖန်


IS အဖွဲ့အား ချေမှုန်းရေးအတွက် အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ ညွှန့်ပေါင်းအဖွဲ့က အီရတ် စစ်တပ်အပေါ်ထောက် ပံ့ပေးမှုများသည် နှေးကွေးနေသည်ဟု အီရတ် ဝန်ကြီးချုပ်ဟိုင်ဒါအယ်အဘာဒီက တနင်္ဂနွေနေ့တွင် ဝေဖန်ခဲ့ကြောင်း AFP သတင်းအရ သိရသည်။
IS အဖွဲ့သည် လွန်ခဲ့သောနှစ်တွင် အီရတ်နှင့် ဆီးရီးယားရှိ နယ် မြေများစွာကို သိမ်းပိုက်ခဲ့သည်။ အမေရိ ကန် ဦးဆောင်သည့် နိုင်ငံတကာညွှန့်ပေါင်းအဖွဲ့က နှစ်နိုင်ငံလုံးရှိ IS တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိပြီး အီရတ်စစ်တပ်ကို ထောက် ပံ့ပေးလျက်ရှိသည်။

သို့သော် ၎င်းတို့၏ ထောက်ပံ့မှုများ နှင့် အီရတ်စစ်တပ်ကို လေ့ကျင့်ပေး နေမှုများသည် နှေးကွေးလွန်းနေ သည်ဟု အဘာဒီက ကိုင်ရိုသို့ရောက်ရှိ စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့ သော်လွန်ခဲ့သော သီတင်းပတ်နှစ်ပတ်ခန့်တွင် ပိုမိုမြန်ဆန်လာကြောင်း ဝန်ခံကာ နောက်ထပ် လည်း မြန်မြန် ဆန်ဆန်ထောက်ပံ့ပေးရန် တောင်း ဆိုခဲ့သည်။

ထို့အပြင် အဘာဒီက အီဂျစ်သမ္မတအယ်စီစီနှင့်လည်း တွေ့ဆုံကာ ဆီးရီးယားငြိမ်းချမ်းရေး အတွက် အီရတ်နိုင်ငံ၏ အဆိုပြု ချက်များအတွက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

အီရတ်အဆိုပြုချက်များ၏ အဓိကအကြောင်းအရာမှာ အဖွဲ့ကမသိမ်းပိုက်ရသေးသည့် ဆီးရီးယား နယ်မြေ များတွင် နောက်ထပ် အကြမ်းဖက်အဖွဲ့များ ထပ်မံမပေါ်ပေါက်လာ စေရန် ဆီးရီးယားအစိုးရနှင့် သူပုန်များက တားဆီးရန်ဖြစ်သည်ဟုလည်း ယင်းကဆိုသည်။

လက်ရှိအချိန်တွင် အီရတ်စစ်တပ်ကို ၂၀၁၅ခုနှစ်နောက် ပိုင်း၌ ကြီးမားသည့် တန်ပြန်စစ်ဆင် ရေးများပြု လုပ်နိုင်သည့်အခြေအနေ သို့ရောက်အောင် လေ့ကျင့်ပေးမှုများ၊ လက်နက်တပ်ဆင်ပေးမှုများ ပြု လုပ်ပေးနေ သည်ဟု အမေရိကန် တို့က ပြောခဲ့သည်။

Ref : AFP
#Democracytoday

No comments:

Post a Comment

My Blog List