Thursday, January 15, 2015

ပညာရေး ၀န်ကြီးဌာနက အခမဲ့မူကြိုကျောင်း(၂၀၀၀၀) ကို (၅) နှစ် စီမံကိန်းချ၍ ဖွင့်လှစ်ရန်စီစဉ်


အဆိုပါ စီမံကိန်းအရ ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ ပညာသင်နှစ်များတွင် မူကြိုကျောင်းပေါင်း သုံးထောင်စီကို လည်းကောင်း၊ ၂၀၁၇-၁၈ နှင့် ၂၀၁၈-၁၉ ပညာသင်နှစ်များတွင် ကျောင်းပေါင်း လေးထောင်စီကို လည်းကောင်း၊ ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ကျောင်းပေါင်း ခြောက်ထောင်ကို လည်းကောင်း တိုးချဲ့ ဖွင့်လှစ်ထားမည် ဖြစ်ပြီး၊ ဖွင့်လှစ်ရန် ဆန္ဒရှိသည့် မူကြိုကျောင်းများကို မြို့နယ် အလိုက် စာရင်း ကောက်ယူပြီး ဗဟိုမှ ခွဲတမ်းချ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူကြိုကျောင်းများတွင် အသက် သုံးနှစ်မှ ငါးနှစ်အတွင်း ကလေးများကို အခမဲ့ လက်ခံ သင်ကြား ပေး သွားမည် ဖြစ်ပြီး၊ တာဝန် ထမ်းဆောင်မည့် ဆရာ၊ ဆရာမများကို ပညာရေး ၀န်ကြီးဌာနမှ မူလတန်း လစာအတိုင်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆရာ၊ ဆရာမ ရာထူးအတွက် ကျောင်းတည်ရှိရာ ဒေသမှ အသက် (၂၅) နှစ်အောက် ဘွဲ့ရများ လျှောက် ထားနိုင်ပြီး ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ မူကြိုကျောင်းများ ဖွင့်လှစ် ခွင့်ပေးခြင်းမှာ ယခု ပထမဆုံး အကြိမ်ဖြစ်ကြောင်း သိရသည်။

““အရင်ကနေ ၂၀၁၄-၁၅ ပညာသင်နှစ် ထိအောင် Unicef နဲ့ Moe က ပူးပေါင်းပြီး လုပ်တဲ့ မူကြိုကျောင်းတွေ ရှိတယ်။ ပုဂ္ဂလိက မူကြိုကျောင်းတွေ ရှိတယ်။ နောက်မိခင်နဲ့ ကလေး စောင့်ရှောက်ရေးနဲ့ အမျိုးသမီးရေး ရာက ပူးပေါင်းပြီး လူမှုဝန်ထမ်း ၀န်ကြီးဌာနက ဦးစီး ဖွင့်လှစ်ထားတဲ့ မူကြိုတွေရှိတယ်။

လာမယ့် စာသင် နှစ်မှာတော့ ပညာရေး ၀န်ကြီးဌာန လက်အောက်မှာ ကျောင်းအခြေပြု မူကြိုတွေကို ပထမဆုံး ဖွင့်လှစ် ပေးတော့မှာပါ။ ဒီမူကြိုတွေမှာ သုံးနှစ်က ငါးနှစ်အတွင်း ကလေးငယ်တွေကို Physical Growth နဲ့ Mental Growth လိုက်လျော ညီထွေမှုရှိအောင် ကစားစရာ နေရာတွေ၊ ကဗျာရွတ်စရာ နေရာတွေ နဲ့ စိတ်ပျော်ရွှင်အောင် ထားပြီး ပျိုးထောင် သွားမှာပါ။ ကျောင်းနေတဲ့ အချိန်မှာ အခက်အခဲ မဖြစ်အောင်၊ အလေ့အကျင့် ကောင်းလေးတွေ ရှိနေအောင် သင်ကြား ပေးသွားမှာပါ”” ဟု၎င်းက ဆက်လက် ပြောကြား သည်။

messengernewsjournal

No comments:

Post a Comment

My Blog List