Friday, January 16, 2015

မီဒီယာများ ဘက်မလိုက်ကြရန် ရွေးကောက်ပွဲကော်မရှင် တိုက်တွန်း


၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဘက်မလိုက်ကြဘဲ မျှမျှတတ ရေးသားပေးဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မီဒီယာတွေကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံသတင်းစာဆရာအသင်းနဲ့ အသင်းရဲ့ မိတ်ဖက်အဖွဲ့ ဗြိတိန် အခြေစိုက် Article 19 အဖွဲ့က တာဝန်ရှိသူတွေကိုမနေ့နေ့လယ် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့ဆုံစဉ် ကော်မရှင်
ဥက္ကဋ္ဌက ပြောဆိုတာဖြစ်ပါတယ်။

ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပဖို့  စိတ်အား ထက်သန်နေတယ် လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း အတွင်းရေးမှူး ၂ ဦးကျော်စွာမင်း က ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၅ ခုနှစ်မှာ မီဒီယာသမားတွေကို ဘယ်လို သတင်းရယူခွင့်ပေးမှာလဲ၊ ဘယ်လို အတိုင်းအတာအ ထိ ဆောင်ရွက်ပေးမှာလဲဆိုတဲ့ မီဒီယာဆိုဒ်ဘက်ကနေ အဓိကထားမေးမြန်းပါတယ်။ သူတို့အနေနဲ့ မကြာခင်မှာ မီဒီယာသမားတွေနဲ့ သီးသန့်တွေ့ပြီးတော့ မီဒီယာတွေနဲ့ ဆွေးနွေးပြီးတော့ လိုအပ်တာတွေ ကို ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ နိုင်ငံတကာ မီဒီယာတွေကိုလည်း လာရောက်ပြီးတော့ သတင်းရ ယူနိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်းတွေ သူတို့ ပြောပါတယ်။”

ပြည်တွင်းပြည်ပမီဒီယာတွေသာမကဘဲ နိုင်ငံတကာ လေ့လာသူတွေကိုပါ ဖိတ်ကြားမယ်လို့ ဦးတင်အေးက အသိပေးပြောကြားခဲ့တယ်လို့လည်း ဦးကျော်စွာမင်းက ပြောပါတယ်။

“နိုင်ငံတကာ လေ့လာသူတွေကိုလည်း သူတို့ ဖိတ်ကြားဖို့ ရှိနေပါတယ်၊ ဘယ်ပုံစံ ဘယ်လိုဆိုတာ အတိအ ကျ  မပြောပေမယ့် ကန့်သတ်ချက်လည်း မရှိပါဘူး။”

ဒါပေမယ့်လည်း ရွေးကောက်ပွဲ သတင်းနဲ့ ပတ်သက်ရင် ကော်မရှင်ကို မမေးမမြန်းဘဲ ရေးသား တဲ့ သတင်းတွေကြောင့် ကော်မရှင် ဥက္ကဋ္ဌက မီဒီယာအပေါ် အမြင်တမျိုးရှိနေတာကို သတိထားမိ တယ်လို့ သူက ပြောပါတယ်။

Article 19 အဖွဲ့ကလည်း ရွေးကောက်ပွဲမှာ မီဒီယာတွေ သတင်းရယူနိုင်မှု အခြေအနေနဲ့ ပတ် သက် လို့ ဆောင်ရွက်ထားရှိမှု အခြေအနေကို မေးမြန်းသလို ပူးပေါင်းဆောင်ရွက်ဖို့ ကော်မရှင်ကို ကမ်းလှမ်းခဲ့ တယ်လို့ ဦးကျော်စွာမင်းက ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List