Saturday, January 17, 2015

ပါရီတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ၁၂ ဦးကို ပြင်သစ်ရဲ ဖမ်းဆီးစစ်ကြော


ပြီးခဲ့တဲ့တပတ် ပါရီမြို့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၂ ဦးကို ပြင်သစ်ရဲတွေက မနေ့ ဖမ်းဆီးလိုက်ပါ တယ်။သေနတ်သမားတွေကို လက်နက်တွေ၊ ကားတွေကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ရှိ၊ မရှိ စစ်ကြောနေ တယ်လို့ ပြင်သစ်ရဲက ပြောပါတယ်။
တိုက်ခိုက်မှုတွေအပြီး ပါရီမြို့တော် မြို့နယ် ၅ မြို့နယ်မှာ ပြင်သစ်ရဲတွေက စီးနင်းရှာဖွေခဲ့ကြတာပါ။

မဂ္ဂဇင်းတိုက် တိုက်ခိုက်ခံရမှုမှာ သေဆုံးသွားခဲ့တဲ့ အယ်ဒီတာအပါအ၀င် မဂ္ဂဇင်းတိုက်သားရဲ့ အသုဘ အခမ်းအနားကိုလည်း ပါရီမြို့တော်မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ပြင်သစ်နိုင်ငံတ၀ှမ်း ရဲနဲ့ တပ်အင်အား ၁ သိန်း ၂ သောင်းနဲ့ လုံခြုံရေး အဆင့်မြှင့်ထားဆဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ပါရီမြို့တော်ကို မနေ့က ရောက်ရှိလာပြီး တိုက်ခိုက်မှုတွေအ တွင်း သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ပါရီမြို့တော်ဝန် Anne Hidalgo နဲ့အတူ တက်ရောက်ပြီး အားပေးစကားပြောဆိုခဲ့ပါတယ်။

ဇန်န၀ါရီ ၁၅ ရက်နေ့ကလည်း ဘယ်ဂျီယမ်နိုင်ငံမှာ အကြမ်းဖက်သမား ၂ ဦးကို ရဲလုံခြုံရေးတွေက အသေ ပစ်သတ်ခဲ့သလို ဂျာမနီနိုင်ငံမှာလည်း အကြမ်းဖက်မှုနဲ့ ပတ်သက်သူ ၂ ဦးကို မနေ့က ဖမ်းဆီးခဲ့ပါတယ်။

ပါရီသေနတ်သမားတဦးဟာ တိုက်ခိုက်မှုတွေ မလုပ်ခင် စပိန်နိုင်ငံ၊ မဒရစ်မြို့ကို သွားရောက်လည်ပတ်ခဲ့ တာကြောင့် စပိန်နိုင်ငံမှာလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List