အမေရိကန်လူ့အခွင့် အရေးကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီး နားမြို့သို့ ဇန်န၀ါရီ ၁၁ ရက်တွင်ရောက်ရှိခဲ့ပြီး ရှမ်းရေးရာကော်မတီ၊ အမျိုးသမီး အဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် တွေ့ ဆုံဆွေး နွေးခဲ့ကြောင်း အမေရိကန်သံရုံး မှ သတင်းရရှိသည်။
အမေရိကန်ကိုယ်စားလှယ် အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ် ချယ်လ်၊ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ထိပ် တန်းသံတမန် တွမ်မာလီနောစ ကီးတို့ ဦးဆောင်နေသည်။ ၎င်းတို့ သည် ကချင်ပြည်နယ်ရှိ လူ့အခွင့် အရေးအခြေအနေနှင့် ပတ်သက် ၍ ဒေသခံများထံမှ ပြောကြားချက်များကို နားထောင်ကြမည်ဟု ဆို သည်။
တွမ်မာလီနောစကီးသည် လွန်ခဲ့သည့် သုံးနှစ်တာကာလ အစိုးရတပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ တိုက် ပွဲထိတွေ့မှုများဖြစ်ပွားနေရာ မြန် မာနိုင်ငံမြောက်ဖျားရှိ ကချင်ပြည် နယ်သို့ သွားရောက်ပြီး စစ်ဘေး ရှောင်ဒုက္ခသည် ခန့်မှန်းခြေ ၁၂၀,၀၀၀ အနက်အချို့ ခိုလှုံနေ သည့် စခန်းများ ကို လေ့လာမည် ဖြစ်ကြောင်း ခရီးစဉ်နှင့် ပတ်သက် ၍ အစောပိုင်းက ထုတ်ပြန်ထား သည်။
ဇန်န၀ါရီ ၁၁ မှ ၁၅ ရက်အထိမြန်မာနိုင်ငံတွင် ပြုလုပ်မည့် အမေရိကန်-မြန်မာ လူ့အခွင့်အရေး ဆွေးနွေး ပွဲများအတွင်း ပြုပြင် ပြောင်းလဲရန် လိုအပ်နေ သည့် ခေတ်နောက်ကျနေသော ဥပဒေ ဆိုင်ရာစနစ်၊ ကြီး ထွားနေသည့် မြေယာ သိမ်းမှုပြဿနာ၊ ငြိမ်းချမ်း စွာ ဆန္ဒပြသူများနှင့် သတင်း ထောက်များကို လတ်တလော ထိန်းသိမ်းမှုများအပေါ် မြန်မာအစိုးရ အရာရှိများနှင့် အမေရိကန်အရာရှိများက ဆွေးနွေးကြရန် ရှိသည်။
ထိပ်တန်းသံတမန် တွမ်မာ လီနောစကီး၏ မြန်မာခရီးစဉ်အတွင်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်ဆွဲထားသည်။
ထို့အပြင် နေပြည်တော် ဆွေးနွေးပွဲများမတိုင်မီ ရန်ကုန်၌ တက်ကြွလှုပ်ရှားသူ များနှင့်တွေ့ဆုံရန်ရှိ သည်။ နေပြည်တော်တွင်ပြု လုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန် ပစိဖိတ် စစ်ဌာနချုပ် ၏ လက်ထာက်စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး အန်တို နီချက်ဖီးလ်တက်ရောက်မည် ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာစီမံ ခန့်ခွဲပုံ နှင့် ပြုပြင်ပြောင်းလဲမှုကို ဆွေးနွေးရန်မြန်မာ့တပ်မတော်မှ အဆင့်မြင့် ကိုယ်စား လှယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။
7Day News Journal

No comments:
Post a Comment