Friday, January 16, 2015

ဗဟိုချုပ်ကိုင်မှုကြီးသည့်စနစ်မှလာ၍ အစိုးရမှပြုပြင်ပြောင်းလဲရေးအတွက် စိုးရိမ်မှုရှိနိုင်ဟု ဦးရဲထွဋ်ဆို


လက်ရှိအစိုးရသည်ဗဟိုချုပ်ကိုင်မှုကြီးမားသည့်စနစ်မှလာသည့်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် စိုးရိမ်မှုများရှိနိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောကြားလိုက်သည်။
"ကျွန်တော်တို့ အားလုံးက ဗဟိုချုပ်ကိုင်မှု အင်မတန်ကြီးမားတဲ့ စနစ်အောက် မှာနေခဲ့ရတာပါ။ ဗဟိုချုပ်ကိုင် မှုက လာတာဆိုတော့ရုံးခန်းဝမှာစောင့်တဲ့ ရုံးစောင့်တောင် တော်တော် လုပ်ပိုင်ခွင့်ရှိတာ။

 ဒီလိုဟာကို သာယာနေတဲ့ လူတွေကျတော့ ပြောင်းလဲဖို့ဆိုတာကို စိုးရိမ်ကြတာပေါ့။ သာယာတယ်ဆိုတာ ကလည်း အောက်ခြေကနေ အထက်အထိပါပဲ"ဟု ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

လက်ရှိအချိန်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသော အချိန်ဖြစ်သည့်အတွက် အမှန် တ ကယ် ပြောင်းလဲလိုပါက ယခင်က ရရှိခဲ့သည့် အခွင့်အရေးများအားသာယာနေခြင်းကို စွန့်လွှတ်ကြရမည် ဟု ၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေးအပါအ၀င် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သော်လည်း သိသာထင်ရှားသည့် အပြောင်းအလဲရလဒ်များ ထွက်ပေါ်မလာ သည့်အပေါ် အတိုက်အခံအင်အားစုများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှဝေဖန်မှုများ ထွက်ပေါ်နေသည်။

ထို့ပြင် လက်ရှိအချိန်သည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန်ဖြေလျော့ပေး သည့်အချိန်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်ကပြုပြင်ပြောင်းလဲရေးအခြေ အနေနှင့် ပတ်သက် ၍ ပြောသည်။

"ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အဆင့် (၃)ဆင့်ရှိပါတယ်။ အခုကဖြေလျော့တဲ့အဆင့်ပဲ ရှိပါသေး တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့အဆင့်လည်း မရောက်သေးဘူး။ ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောက်တဲ့ အ ဆင့်လည်းမရောက်သေးပါဘူး။ အဲ့ဒီဖြေလျော့တဲ့ အဆင့်မှာတော့ လွတ်လွတ်လပ် လပ် ဖြေလျော့ပေးသင့် တယ်" ဟု ဦးဝင်းမြင့်က ပြောသည်။

ပြုပြင်ပြောင်းလဲရေး ပြည်သူနှင့် နီးသလား ဝေးသလား ဆိုသည့် ခေါင်း စဉ်ဖြင့်ပြည်သူ့ခေတ် စကားဝိုင်းကို ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်မြို့ တွင် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင်ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေး မှူး ဦးဝင်းမြင့်၊ စီးပွားရေးပညာရှင် စာရေး ဆရာဦးကျော်ဝင်းတို့ ပါဝင်ဆွေးနွေး ခဲ့ကြသည်။

ဆရာဦးကျော်ဝင်းတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List