Saturday, January 17, 2015

မျှတလွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် မီဒီယာများဘက်မလိုက်ဘဲ အပြုသဘောဆောင်ရန်လိုဟု ဦးတင်အေးပြော


လွတ်လပ်ပြီး တရားမျှ တမှုရှိသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရန် သတင်းမီဒီယာများ အနေဖြင့် ဘက်လိုက်မှုမရှိဘဲ အပြုသဘော ဆောင်သည့် သတင်းများ ရေးသား ဖြန့်ဝေပေးရန် လိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။


ထို့အပြင် ၂၀၁၅ ရွေး ကောက်ပွဲကို ကျင်းပပေးမည်ဖြစ် ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ထပ်မံကတိပြုပြော ကြားသည်။

ဇန်န၀ါရီ ၁၅ ရက်က ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နှင့် ပတ် သက်၍ လေ့လာစောင့်ကြည့် သည့် အဖွဲ့အ စည်းတစ်ခု ဖြစ် သော Article 19 အဖွဲ့နှင့် တွေ့ ဆုံစဉ် ဦးတင်အေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရန်မှာ မီဒီယာတစ်ခု တည်း၏ တာဝန်မဟုတ်ဘဲ ရွေး ကောက်ပွဲ ၀င်မည့် ပါတီများ၊ ကော်မရှင်အပါအ၀င် နိုင်ငံရေး သမားများ၊ စောင့်ကြည့်လေ့လာ သူများအားလုံးနှင့် သက်ဆိုင် ကြောင်း ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အပေါ် မြန်မာ နိုင်ငံသတင်းစာဆရာအသင်းမှ ဦးသီဟစောက တုံ့ပြန်ပြောကြား သည်။

‘‘မီဒီယာသမားတွေရဲ့ အလုပ်က ရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတမှုရှိလား၊ မရှိ ဘူးလားဆို တာကို စောင့်ကြည့် လေ့လာပြီး သတင်းပြန်လည်တင် ပြရမှာပါ။ ရွေးကောက်ပွဲလွတ် လပ်ပြီး တရားမျှတ ဖို့က မီဒီယာ တစ်ခုတည်းရဲ့ တာဝန်မဟုတ် ဘူး။ မီဒီယာသမားကတော့ မြင် တဲ့အတိုင်း တင်ပြမှာပဲ’’ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတစေရန် ဥပဒေနှင့်အညီ ကော်မရှင်က ဆောင်ရွက်မည် ဖြစ်ပြီး လွတ်လပ်မျှတမှုရှိ၊ မရှိကို ဥပဒေဖြင့်သာ မှတ်ကျောက်တင် ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာမည့် သူများ အနေဖြင့် ဥပဒေကို သိရှိအောင် လေ့လာ ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း ဦးတင်အေး က Article 19 အဖွဲ့အား ပြောကြားသည်။

မြန်မာနိုင်ငံ အပြောင်းအလဲ မှာ နိုင်ငံရေးပဋိညာဉ်ဖြင့်စခဲ့ခြင်း မဟုတ်ဘဲ တရားမျှတမှုနှင့် နိုင်ငံ ရေးအရ တည်တည်ငြိမ်ငြိမ်နှင့် ဆက်သွားနိုင်ရန် တစ်ဖက် စောင်းနင်း အခြေအနေများကို အလေးထား ဖော်ပြခြင်းမျိုး မ ဟုတ်ဘဲ တိုင်းပြည်အပြောင်းအ လဲတည်ငြိမ်မှုရအောင် မျှတသည့် ဖော်ပြချက်များဖြင့် ဖော်ပြရန် ပြော ကြားသည့်သဘောမျိုးလည်း ဖြစ်နိုင်ကြောင်း ဖလားဝါးနယူး ဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးစိုင်းအောင် လွင်က ပြောကြား သည်။

ရွေးကောက်ပွဲမည်မျှ လွတ် လပ်ပြီး တရားမျှတမှုရှိမည်ဆို သည်ကို သတင်းထောက်များက လေ့လာစောင့် ကြည့် ဝေဖန် ထောက်ပြမှုမရှိပါက ပြည်သူများ သိနိုင်မည် မဟုတ်ဘဲ အပြု သဘောဆောင်သည့် ရေးသားမှု မျိုးလိုလားပါက ကော်မရှင်အနေ ဖြင့် အကောင်းဆုံးနှင့် အပြု သဘောသက်ရောက်သည့် လုပ် ရပ်များ ကို ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကာလအတွင်း လုပ်ပြရန်လိုကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း အစီအစဉ်မှ မကျော်ဆုမွန်က ပြောကြားသည်။

‘‘သတင်းထောက်တွေက ကောင်းရင် ကောင်းသလို ရေးမှာပေါ့။ လွတ်လပ်မှုမရှိဘဲ ဘက်လိုက်မှုတွေလည်း ရှိနေတာကြီးကို ဘယ်လိုအပြုသဘောဆောင်ရေးရမလဲ။ သတင်းထောက်တွေ မြင်တာ၊ တွေ့တာ၊ ကြား တာတွေပေါ်မူတည်ပြီး ရေးသားမှာပဲ’’ဟု ၎င်းကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် သတင်းသမားများ အနေဖြင့် အကန့်အသတ်ဖြင့်သာ သတင်း ယူခွင့်ရခဲ့ပြီး မဲရုံများအတွင်း ၀င် ရောက်သတင်းယူခြင်း၊ မဲရေ တွက်မှုများ သတင်းယူခြင်းတို့ ပြုလုပ်ခွင့်မရခဲ့ပေ။ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင်မူ ၂၀၁၀ ကထက် သတင်းယူရာ၌ ကန့် သတ်ချက်အချို့ ဖြေလျှော့ပေးခဲ့ သည်။
လာမည့် အောက်တိုဘာ (သို့မဟုတ်) နိုဝင်ဘာ လဆန်းတွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေး မည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ − ကျော်ဇင်သန်း)
7Day Daily

No comments:

Post a Comment

My Blog List