Thursday, January 15, 2015

အပစ်ရပ်စဲရေးစာချုပ်သဘောတူညီမှုများ နီးစပ်လာသော်လည်း အစိုးရမှ နောက်ကြောင်းပြန်လှည့်နေဟု PSLF ထုတ်ပြန်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေးစာချုပ်ချုပ်ဆိုနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ဆွေး နွေးညှိနှိုင်းလာ ရာတွင် အပစ်အခတ် ရပ်စဲရေးစာချုပ်သဘောတူညီမှုများ နီးစပ်လာသော်လည်း အစိုးရမှ နောက် ကြောင်းပြန် လှည့်နေကြောင်း PSLF က ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အား ဇန် နဝါရီ ၁၂ရက်က ကျရောက်ခဲ့သော ''(၅၂)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့'' တွင် ပလောင်ပြည် နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ တအာင်းအမျိုးသားတပ်မတော် (TNLA )သည် လူထုကာကွယ်ရေး၊ နယ်မြေစိုးမိုးရေး၊ တပ်ဖွဲ့တည်ဆောက် ရေး၊ လူထုစည်းရုံးရေးနှင့် မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ လုပ် ဆောင်စဉ် မြန်မာစစ်တပ်၏ထိုးစစ်ဆင် လှုပ်ရှားမှုများကြောင့် ၂ဝ၁၄ခုနှစ် တစ် နှစ်တာအတွင်း တိုက်ပွဲကြီးငယ်ပေါင်း အကြိမ် ၂ဝဝ ကျော်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''NCCT အဖွဲ့မှ တစ်ပြည်လုံးအ တိုင်းအတာအပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ်ရရှိရန် တိုင်းရင်းသား အဖွဲ့များ ကိုယ်စား ကြိုးပမ်းဆောင်ရွက် လာစဉ် NCA စာချုပ်အတွက် သဘော တူညီမှုရရှိရန် နီးစပ်လာသော်လည်း မြန်မာ စစ်ခေါင်းဆောင်များ၏ နောက် ကြောင်းပြန်လှည့်ကာ ရရှိပြီးသောသ ဘောတူညီချက်များကို ပယ်ချလိုက် သ ဖြင့် ဆွေးနွေး မှုများရပ်တန့်ကာ နှစ်ဖက် ယုံကြည်မှုကျဆင်းခဲ့ရသည်''ဟု ဇန်န ဝါရီ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထား သော (၅၂)နှစ်မြောက် တအာင်းအမျိုး သား တော်လှန်ရေးနေ့ထုတ်ပြန်ချက် တွင် ပြောကြားထားသည်။

ယခုလက်ရှိအချိန်တွင် အစိုးရဘက် မှ ဖေဖော်ဝါရီ ၁၂ရက်တွင် ကျရောက် မည့် ပြည်ထောင်စုနေ့၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးရန် ကမ်းလှမ်းထားသည်။

ယင်းကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး PSLF/TNLA ဘက်က တိုင်းရင်းသား ဒေသများသို့ ထိုးစစ်များ ပုံမှန်ပြင်ဆင် နေခြင်း၊ နှစ် ဖက်တိုက်ပွဲများဖြစ်ပွားရန် အကြောင်းရှာရန်စခြင်း၊ တိုင်းရင်းသား ဒေသများသို့ ကျူးကျော်နယ်ချဲ့ခြင်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက် ရှိရှိပစ်ခတ်ခြင်း စသည့်လုပ်ရပ်များပြု လုပ်နေသည့် မြန်မာ့တပ်မတော်၏လုပ်ရပ်မှာ မည်သို့မျှ ပြည်တွင်း စစ်မီးရပ်စဲ ရန်မဖြစ်နိုင်ဟု ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(TNLA)သည် တအာင်း အမျိုးသားနိုင်ငံရေး ရည်မှန်းချက်အ မြန်ရရှိနိုင်စေ ရန်အတွက် တအာင်းလူထု ကြီးနှင့်ပူးပေါင်းကာ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းများကို အားကျိုးမာန် တက်ဆောင်ရွက်လျက် ရှိပြီး ကျောက်မဲ၊ မိုးမိတ်၊ မိုး ကုတ်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ် များတွင် တအာင်းတပ်မ တော် (TNLA) ၏ တပ်ရင်းတပ်ဖွဲ့များ အသီးသီး အခြေချလှုပ်ရှားလျက်ရှိသည်။

ယခုလက်ရှိအချိန်တွင် တအာင်း လူမျိုးများအခြေချနေထိုင်ရာဒေသများ တွင် တအာင်းတပ်မတော် (TNLA)အခြေချကာ ကွယ်တပ်စွဲနိုင်ရေး ဦးတည် ချက်ဖြင့် ကြိုးပမ်းလာရာ သုံးနှစ်အတွင်း တပ်ရင်း၂၁ခုဖြင့်စုစည်းထားသည့် တပ် မဟာသုံးခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment

My Blog List