Thursday, January 15, 2015

မလေးရှားတွင် မြန်မာ ၁၈ ဦး သတ်ဖြတ်ခံရမှုဖြင့် ဖမ်းဆီးထားသူများကို စွဲချက်တင်


မလေးရှားနိုင်ငံ၊ ပီနန် မြို့တွင် မြန်မာနိုင်ငံသား ၁၈ ဦး ကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထား သော မြန်မာနိုင်ငံ သားဟု ထွက်ဆိုထားသည့် တရားခံ ကိုးဦးအား ဇန်န၀ါရီ ၁၃ ရက်က စွဲချက်တင်လိုက် ကြောင်း သတင်းရ ရှိသည်။
၂၀၁၄ အတွင်း ပီနန် မြို့တွင် မြန်မာလုပ်သား ၁၈ ဦး သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသူ၁၁ ဦးတွင် အသက် အငယ်ဆုံး(၂၀)နှစ်မှ အကြီးဆုံး (၄၄) နှစ်အရွယ် ကိုးဦးသည် ရခိုင်ပြည်နယ်မှလာသော ဘာသာခြားများဖြစ် သည်ဟု မလေးရှားရဲတပ်ဖွဲ့ထံ ၀န်ခံထားသည်။

အဆိုပါ ကိုးဦးက အချို့လူသတ်မှုတွင် တစ်အုပ်စုလုံး ပါဝင်ပြီး အချို့လူသတ်မှု တွင် ၎င်းတို့ထဲမှ သုံးဦးကသာ အဓိက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း မလေးရှား ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တရားခံကိုးဦးကို တရားစွဲ ဆိုထားသည့် ပုဒ်မ ၁၄၉၊ ၃၀၂ သည် မလေးရှား ဥပဒေအရ သေ ဒဏ်ကျခံနိုင် ဖွယ်ရှိကြောင်း The Star သတင်းဌာနက ဖော်ပြ ထားသည်။

ဇန်န၀ါရီ ၁၃ ရက်တွင် တရား စွဲဆိုချက်ကို တရားသူကြီးက ဖတ် ကြားပြီး နားလည်မှုရှိ၊ မရှိ မေးမြန်း ရာ ၎င်းတို့ ကိုးဦးက နားလည် ကြောင်း ပြောဆိုပြီး တရားစွဲဆိုမှု ကို ငြင်းဆိုခြင်းမရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အတွက် ဘာသာပြန်တစ်ဦးဆင့်ခေါ်ထားပြီး အဆိုပါ ဘာသာပြန်သူရောက်ရှိမည့် ဇန် န၀ါရီ ၃၀ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း အဆိုပါ သတင်းဌာန က ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် မြန်မာ လုပ်သားများ အသတ်ခံရမှုကြောင့်မလေးရှား ရဲတပ်ဖွဲ့က လူသတ် တရားခံ များကို ဖမ်းဆီး၍ အရေး ယူ ပြစ်ဒဏ်ပေးခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်ကြောင်း မလေး ရှားရောက် မြန်မာ လုပ်သားများ က ပြော သည်။

‘‘မြန်မာတွေ အသတ်ခံရတာ နဲ့ပတ်သက်လို့ မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူထားတယ်ဆိုတာ ဒါပထမဆုံးအကြိမ်ကြား ဖူးတာပဲ။ မြန်မာတွေ ဘယ်နှယောက်အသတ်ခံရ ခံရ တရားခံကို အရေးယူဖမ်းဆီး တယ်ဆိုတာ မရှိဘူး။ အခုလိုမျိုး ပြစ်ဒဏ်ပေး တာဟာ မလေးရှားမှာနေထိုင်နေ တဲ့ မြန်မာတွေ အတွက် လုံခြုံမှုပါ ပဲ’’ဟု မလေးရှားရောက် မြန်မာ လုပ်သားများအား ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြော သည်။

ဖမ်းဆီးထားသူများကို စွဲချက်တင်ရန် ခေါ်ဆောင်လာစဉ် (THE STAR)
7Day Daily

No comments:

Post a Comment

My Blog List