ပြည်ထောင်စုလွှတ်တော်က အဆိုပြုထားသည့် နိုင်ငံတော်သမ္မတ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော် ကာကွယ်ရေးရေးဦးစီးချုပ်ချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦး ပါဝင်မည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မလာနိုင်ဟု ပြောဆို၍ မရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြောကြားသည်။
ယနေ့ကျင်းပသော နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ နိုင် ငံရေးပါတီ ခေါင်းဆောင်ပေါင်း ၄၈ ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးများ ဆက်လက်ဖြစ်ထွန်းစေရေး၊ ငြိမ်းချမ်းရေးကို အခြေခံပြီး အမျိုးသား ပြန်လည်စည်းလုံးရေးဆိုင်ရာနှင့် နိုင်ငံရေးဆွေးပွဲများ ပြုလုပ်နိုင်ရေးနှင့် လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အပါအဝင် ညင်သာသော အသွင်ကူးပြောင်းမှု ပေါ်ပေါက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောဆိုသည်။
“အခုလို တွေ့ဆုံပွဲကို အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ထပ်မံပြုလုပ်သွားမယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
ယင်းနိုင်ငံရေး ဆွေးနွေးပွဲများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသမှ ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်သည့် ကိစ္စများကို လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း ၎င်းကဆိုသည်။
The Voice Weekly
No comments:
Post a Comment