Wednesday, January 14, 2015

ပဋိပက္ခအမွေဆိုးများမှ ရုန်းထွက်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း







သီရိလင်္ကာနိုင်ငံရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပဋိပက္ခ အမွေဆိုးတွေ ကနေ ရုန်းထွက်ကြဖို့ မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က သီရိလင်္ကာမှာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့တဲ့နောက်ပိုင်း  ပုပ်ရဟန်း မင်းကြီးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်သလို  ၆ လအတွင်း ဒုတိယမြောက် အာရှ ခရီးစဉ် ဖြစ်ပါတယ်။

ခရီးစဉ်ဟာ ပြည်တွင်းစစ်ကာလက ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သီရိလင်္ကာသမ္မတသစ် မိုင်သရီပါလာ စီရိစေနာက လူနည်းစု ဘာသာရေးအုပ်စုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်မယ်လို့ ကတိပြုထားပါတယ်။

နိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းက ဟိန္ဒူ၊၊ ၁၀ ရာခိုင်နှုန်းက အစ္စလာမ်နဲ့ ကက်သလစ်ခရစ်ယာန်က ၇ ရာခိုင်နှုန်းပဲ ရှိတဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာ သာနဲ့ မွတ်စလင်တွေ ကြား တင်းမာမှုတွေလည်း မြင့်တက်ချိန် ဖြစ်ပါတယ်။။

မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေအကြားမှာ ဆွေးနွေးညှိနှိုင်း ကြဖို့ ပုပ်ရဟန်းမင်းကြီး က တိုက်တွန်းဖို့ ရှိပါတယ်။

သီရိလင်္ကာနိုင်ငံပြီးရင်  ပုပ်ရဟန်းမင်းကြီးဟာ ဖိလစ်ပိုင်နိုင်ငံကို ကြွရောက်မှာ ဖြစ်ပါတယ်။

၃ ရက်ကြာခရီးစဉ်အတွင်း ၁၇ ရာစုခေတ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြန်လည်မွမ်းမံ ရေး ဆောင်ရွက် မယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။

DVB

No comments:

Post a Comment

My Blog List