Tuesday, January 13, 2015

ဟောင်ကောင်မီဒီယာသူဌေးကြီးနေအိမ် မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရ


တရုတ်ပြည်မ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သူအဖြစ် ထင်ရှားတဲ့ ဟောင်ကောင် မီဒီယာသူဌေးကြီး ဂျင်မီလိုင်းရဲ့ နေအိမ်ကို ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက မျက်နှာဖုံးဝတ်ထားသူတဦးက မီးလောင် ဗုံးပစ်သွင်းခဲ့ပါတယ်။
အိမ်ဝင်းတံခါးကို မီးလောင်ဗုံး ပစ်သွင်းခဲ့ပြီး ကားနဲ့ ထွက်ပြေးသွားခဲ့တဲ့ ဖြစ်ရပ်အပြီး မိနစ် ၂၀ ခန့်အကြာမှာ ဂျင်မီလိုင်းရဲ့ Next Media ကုမ္ပဏီရုံး ဂိတ်တံခါးကိုလည်း မီးဗုံးပစ်သွင်းမှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။

နာရီပိုင်းအကြာမှာ ဟောင်ကောင်ရဲတပ်ဖွဲ့က တိုက်ခိုက်သူတွေ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရတဲ့ ကား ၂ စီး မီးရှို့ဖျက်ဆီးခံထားရတာကို  တွေ့ရှိခဲ့ကြပါတယ်။

ဟောင်ကောင် ဒီမိုကရေစီ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေးတဲ့ဂျင်မီလိုင်းဟာ Next မီဒီယာကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ဒီဇင်ဘာလက နုတ်ထွက်ထားပေမယ့်   ရှယ်ယာ အများစုကို ပိုင်ဆိုင်ဆဲ ဖြစ်ပါတယ်။

သူဟာ ဟောင်ကောင်လူထုဆန္ဒပြပွဲတွေကို ဖြိုခွင်းချိန်တုန်းက ရဲတပ်ဖွဲ့ရဲ့ အမိန့်ကို မနာခံလို့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသေးတယ်။

၂၀၁၃ ခုနှစ်ကလည်း မျက်နှာဖုံးဝတ်လူတစုက Next Media က ထုတ်ဝေတဲ့ the AppleDaily နေ့စဉ်သတင်း စာတွေ သောင်းနဲ့ချီပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

DVB

No comments:

Post a Comment

My Blog List