Thursday, January 15, 2015

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးစတင်ချိန်တွင် NLD မပါဝင်သေး



၂ဝဝ၅ အထွေထွေရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအချို့တို့သည် ယခုတစ်ပတ်မှ စကာ မဲဆွယ်စည်းရုံး ရေးများ စတင်နေကြပြီဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်အတိအကျနှင့် မဟုတ်သည့် အောက်တိုဘာလကုန်၊ နိုဝင် ဘာလလဆန်းဟု ဖော် ပြပါရှိသော   ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာချက်ထွက်ပေါ်အပြီး  လက်ရှိအနိုင်ရ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားပါတီအချို့နှင့်အခြား ပါတီအချို့တို့က စည်းရုံးရေးဆင်း နေကြခြင်းလည်း ဖြစ် သည်။

စည်းရုံးရေး ဆင်းရာတွင် အ ချို့က အိမ်တိုင်ရာရောက် တံဆိပ်များလိုက်ကပ်ခြင်း၊ ဟောပြော ခြင်း၊ ချေးငွေ များ ထုတ်ချေးမည် ဟုပြောကြားခြင်း၊ လက်ကမ်းစာ ရွက်စာတမ်းနှင့် ပြက္ခဒိန်များဝေငှ ခြင်းတို့အပြင် အများနှင့် သက်ဆိုင်ရာနေရာတို့၌ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့် လူထုနှင့် ထိတွေ့ ဆက်ဆံခြင်း တို့ ပါဝင်နေကြောင်း သိရသည်။

လက်ရှိအစိုးရအဖွဲ့နှင့် လွှတ် တော်ထဲတွင် နေရာအများစုယူ ထားသော ပြည်ခိုင်ဖြိုးပါတီက ပြီး ခဲ့သော ဒီဇင်ဘာလကတည်းကစကာ တိုင်းဒေသကြီးနှင့် ပြည် နယ်မြို့တော်များ၌ တောင်သူ လယ်သမား တွေ့ဆုံ ပွဲများ ပြုလုပ် ပြီးလူထုနှင့်တွေ့ဆုံမှုရှိထားသည်။

ယင်းအပြင် တိုင်ရင်းသားပါ တီတို့ကလည်း ဒေသခံများနှင့် ပို မိုထိတွေ့မှုကို ထိုကာလကတည်းက လုပ်နေကြသည်။ မဲဆွယ်စည်း ရုံးရေး စတင်ေ နသည့် ပါတီများ ထဲမှ တစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်း လိတ်က ၄င်းတို့ ပါတီအနေနှင့် ဇန်နဝါရီ ၆ ရက်မှစတင်ကာ ရှမ်း ပြည်နယ်အရှေ့ပိုင်းရှိ ပါတီဆိုင်း ဘုတ် မတင်ရသေးသော မြို့နယ် ၃ မြို့နယ်နှင့် ကျန်သည့် ၉ မြို့နယ်တို့တွင် လူထုအနေဖြင့်ပါတီနှင့် များများထိတွေ့စေရန် လူထုတွေ့ ဆုံပွဲ ပြုလုပ်မည် ဟု ပြောသည်။

ထို့အတူ အခြားတိုင်းရင်းသား ပါတီ များကလည်း နယ်မြေကွင်း ဆင်းမှုတို့ ခပ်စိပ်စိပ် လုပ်နေကြ ကြောင်း ပါတီတို့က ထုတ်ဖော် ပြောလာသည်။

ဒီမိုကရက်တစ်ပါတီ (မြန် မာ)မှ ပြန်ကြားရေးမှူး ဦးလှမြင့်က ”အချိန်က သိပ်မှ မလိုတော့တာ။ အခု အချိန်ကတည်းက လုပ်ကြ ရမှာပေါ့” ဟုပြောသည်။

ယခုစည်းရုံးနေမှုက ပါတီအ နေဖြင့်သာအများဆုံးဖြစ်ပြီးကိုယ် စားလှယ်လောင်း များအနေဖြင့် မဟုတ်ဟု  စည်းရုံးရေးဆင်းနေ သည့်ပါတီများ က ပြောကြသည်။

ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)   မှ အတွင်းရေးမှူး ဦးလျံလီက ”ကိုယ်စားလှယ်လောင်း နဲ့ဘယ် မှာပြိုင်မပြိုင်ဆိုတာတော့ ညီလာခံ လုပ်ပြီးမှ သိမှာမို့။ အခု က ပါတီအနေနဲ့ပါပဲ”ဟု ပြောသည်။ အချို့က လည်း ကိုယ်စား လှယ်လောင်းရွေးပြီး ဖြစ်ကြောင်း ပြောကြသည်။

ယခု မဲဆွယ်စည်းရုံးမှုများ၌ ပြည်ခိုင်ဖြိုးပါတီက လှုပ်ရှားမှု အများဆုံးလုပ်နေသည်ကို တွေ့ နေရကြောင်း နိုင် ငံရေးပါတီအချို့ မှတ်ချက်ပြုကြသည်။”ငွေတောင့်တာလည်း ပါတာ ပေါ့လေ”ဟု အမည်မဖော်လိုသည့် နိုင် ငံရေး ပါတီဝင်တစ်ဦးကပြောသည်။

မဲဆွယ်စည်းရုံးမှု ခံလိုက်ရ သည့် အသက် ၅ဝ ကျော်ရှိ လှည်းကူးမြို့မှ ပြည်သူတစ်ဦးက ”အိပ်ဆောင် ပြက္ခ ဒိန်တွေတော့ ကြံ့ခိုင်ရေးက လာပေးတယ်။ ယူ ထားလိုက်ပါတယ်။ မဲကိုတော့ ဘယ်ပါတီပေးမလဲ မသိသေး ဘူး၊ ရွေးချယ်ရဦးမှာပေါ့” ဟု ပြောသည်။

အချို့ကလည်း မဲဆွယ် စည်း ရုံးမှုကို မလုပ်ကြသေးဘဲ စောင့် ကြည့် လေ့လာသူများလည်း ရှိနေသည်။ ထို ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့ အင်အားကြီးပါတီလည်း ပါဝင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှဦးဥာဏ်ဝင်းက ”ရက်အတိ အကျနဲ့ရွေးကောက်ပွဲကော်မရှင် ကကြေညာပြီး မှပဲ မဲဆွယ်စည်းရုံး မှုတွေလုပ်မယ်။ လတ်တလောတော့ ပြည်သူနဲ့ပုံမှန်ထိတွေ့တာမျိုးတွေ လုပ်နေပါတယ်” ဟုပြောသည်။

ယခု မဲဆွယ်စည်းရုံးရေးဆင်း နေသော ပါတီများအပေါ် ၄င်းအ နေဖြင့် မည်သည့်မှတ်ချက်မှ မ ပေးလို ဟုပြောသည်။ ပြည်ထောင် စုရွေးကောက်ပွဲ   ကော်မရှင်ကမူ လက်ရှိတွင် မဲစာရင်းများ ပြုစုနေ  ကြောင်း၊ ထုတ်ပြန်သည့် အချိန် တွင်သွားကြည့်ဖို့လိုကြောင်း၊ စာ ရင်းထဲမပါဝင်လျှင်အကြောင်း ကြား နိုင်သည် ဟု ကြေညာထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်မှတ်ပုံတင် ထားသည့် နိုင်ငံရေးပါတီ ၆၅ ပါ တီ ရှိနေ သည်။

PN
Popular Myanmar News Journal

No comments:

Post a Comment

My Blog List