Tuesday, January 13, 2015

Myanmar Heart Charity Group နှင့်အတူ ပရဟိတ လုပ်ငန်းများ ဆောင် ရွက်သွားမည့် မိုးစက်ဝိုင်


ပရဟိတ လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် Miss Universe Myanmar မိုးစက်ဝိုင်သည် ယခုအခါ Myanmar's Heart Charity Group ဆိုသည့် ပရဟိတ အသင်းကို ဖွဲ့စည်း တည်ထောင်ကာ ပရဟိတ လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ တတိယပတ်တွင် ထိုအသင်း နှင့် အတူ ပဲခူးရိုးမ တောင်ခြေရှိ သင်္ခရိုင် မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ သွားရောက် လှူဒါန်း ရန် လုပ်ဆောင် နေကြောင်းကို အဖွဲ့ တည်ထောင်သူ မိုးစက်ဝိုင်က ယခုလို ပြောပြခဲ့သည်။
''၂ဝဝ၆ ခုနှစ်လောက်က ပဲခူးရိုးမ တောင်ခြေမှာရှိတဲ့ ဘော်လင်ဆည် အနီးမှာ မွေးကင်းစ ကလေး ငယ်လေးတွေ အချင်းတန်းလန်း လေးတွေနဲ့ စွန့်ပစ်ထားတဲ့ ကလေးတွေကို တွေ့လို့ သင်္ခရိုင် ကျောင်းထိုင် ဆရာတော်က ကရုဏာ သက်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်မှာ ကလေးငယ် ၆ဝ ကျော်ကို စတင်ကယ်တင် ခဲ့ပါတယ်။ အဲဒီအချိန် ကတည်းက မိဘမဲ့ ကလေးတွေကို တစ်စတစ်စနဲ့ ကယ်တင်လာခဲ့တာ အခုချိန်မှာ နို့တိုက် ကလေးကိုးဦး အပါအဝင် ကလေးငယ် စုစုပေါင်း ၂၁၁ ဦး အထိရှိလာပါပြီ။

မိုးစက်တို့ အနေနဲ့ သင်္ခရိုင် မိဘမဲ့ကျောင်းကို ရွေးချယ်တာက ကျောင်းရှိတဲ့ နေရာက လမ်းပန်း ဆက် သွယ်ရေး အလွန် ခက်ခဲတာကြောင့် အလှူရှင် အရောက်အပေါက် နည်းတယ်။ နောက်ပြီး တစ်နေ့ကို စားစရိတ်က ၇ဝဝဝဝ ကျပ်ကုန်ကျတယ်။ ဒါပေမဲ့ အလှူရှင် မရှိသေးဘူး။ ဒါကြောင့် ရွေးချယ် ဖြစ်တာပါ'' ဟု ၎င်းက ပြောသည်။

ဆက်လက်၍ အဆိုပါ ပရဟိတ အသင်း အဖွဲ့နှင့်အတူ လှူဒါန်းမှုများတွင် Partner များမှာ Main Partner အဖြစ် VeVe အချိုရည်၊ Co-Partner အဖြစ် Alpine နှင့် Mistine တို့မှ ပါဝင်ထားပြီး အခြား Partner များလည်း ပါဝင်ထားကာ အလှူငွေကျပ် သိန်း ၂၆ဝ ရရှိထားပြီ ဖြစ်သည်။ ပဲခူးရိုးမ တောင်ခြေရှိ သင်္ခရိုင် မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ သွားရောက် လှူဒါန်းရာတွင် အသင်း တည်ထောင်သူ Miss Universe Myanmar မိုးစက်ဝိုင်နှင့် အတူ Asia မှ Miss Universe 2013 များကိုလည်း ဖိတ်ခေါ်မည် ဖြစ်ပြီး Miss China နှင့် Miss Singapore တို့မှလည်း လာရောက် ပူးပေါင်းမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List