Thursday, January 15, 2015

သမ္မတကမ်းလှမ်းသည့် ပြည်ထောင်စုနေ့ အပစ်ရပ်လက်မှတ်ထိုးရေး မဖြစ်နိုင်သေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့မှ မွန်ခေါင်းဆောင်နိုင်ဟံသာပြောဆို


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်ထောင်စု နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးနိုင်ရန် နိုင်ငံ တော်သမ္မတ၏ တိုက်တွန်းမှုမှာ မဖြစ် နိုင်သေးဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့(NCCT) ခေါင်း ဆောင် ဦးနိုင်ဟံသာက ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဒီဇင်ဘာလက တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် နေပြည်တော် တွင် တွေ့ဆုံစဉ်က ပြည်ထောင်စုနေ့ ၌ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန် ဝိုင်းဝန်းကြိုးစားကြ ရန် တိုက်တွန်းပြောကြားခဲ့သည်။

''ကျွန်တော်တို့အဖွဲ့နဲ့ အစိုးရပဲ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေး နေကြတာ အစိုးရနဲ့ လွှတ်တော်က ဒီ ကိစ္စကို ဆွေးနွေးခြင်းမရှိဘူး။ နောက် ပြီးတော့ တစ်ဖက်နဲ့တစ်ဖက် သဘော ထားအမြင်တွေကို ညှိနေကြ တုန်းပဲ ရှိသေးတယ်။ မပြီးပြတ်သေးဘူး။ ဒါ ကြောင့် ပြည်ထောင်စုနေ့မှာ အပစ် ရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ဖို့ဆို တာ မလွယ်ကူဘူး''ဟု ဦးနိုင်ဟံသာ က ဆက်ပြော သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျ ရောက်မည့် ပြည်ထောင်စုနေ့၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး မှု မဖြစ်နိုင်ခြင်းမှာ တစ်ဖက်နှင့်တစ် ဖက် သဘောထားကွဲလွဲမှုများ ရှိနေ သေးသလို ယင်းကွဲလွဲမှုများအား ပြန် လည်ရှင်းလင်းနိုင်ခြင်း မရှိသေးသော ကြောင့်ဟု ယင်းက သုံးသပ်ပြောကြား လိုက်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့(NCCT)ခေါင်းဆောင်၊ မွန်ပြည် သစ်ပါတီဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ သည် ဇန်နဝါရီ ၁၂ ရက်က မော်လ မြိုင် ငန်းတေးရပ်ကွက်တွင် ရှိသော နိုင်ရွှေကျင်စာကြည့်တိုက်၌ မွန် ပြည်နယ်၏ အရပ်ဘက်အဖွဲ့အစည်း ခုနစ်ဖွဲ့ဖြင့် တွေ့ဆုံကာ လက်ရှိငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက် ပြီး ရှင်းလင်းပြခဲ့သည်။

နိုင်ငံတော်သမ္မတ၏ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရေး လက် မှတ်အား ပြည်ထောင်စုနေ့တွင် ရေး ထိုးနိုင်ရန် မျှော်လင့်ထားခြင်းမှာ ကောင်းမွန်သော် လည်း လက်တွေ့ မှာတော့ မဖြစ်နိုင်သေးသလို အမှန် တကယ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်အ တွက် စစ်ရေး၊ စစ်ဗျူဟာ များကို အ သုံးမပြုဘဲ တိုင်းရင်းသားလက်နက် ကိုင်များအပေါ်မှာ ရိုးသားသော ဆက်ဆံရေးအဖြစ်သာ လုပ်ဆောင် သွားမည်ဆိုပါက ဖြစ်လာနိုင်သည် ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နည်းပညာအထောက် အကူ ပြု အဖွဲ့မှ ဦးဒေါင်းခါးကလည်း အ ကြံပြုသည်။

NCCT ခေါင်းဆောင်နိုင်ဟံသာနှင့်ဇန်နဝါရီ ၁၂ ရက်က မော် လမြိုင်မြို့တွင်တွေ့ဆုံခဲ့သော အရပ်ဘက်အဖွဲ့ အစည်းများတွင် မွန်ပြည်နယ်အခြေစိုက် မွန်ကျန်းမာရေးစောင့် ရှောက်ရေးအဖွဲ့၊ မွန်စေတနာ၊ မွန် ပညာရေးနှင့် မွန်ဒေသလူမှုဖွံ့ဖြိုး ရေးကွန်ရက် စသည့်အဖွဲ့အ စည်း များပါဝင်ခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List