Thursday, January 15, 2015

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် စိတ်ဝင်စား၍ ကမ်းလှမ်းလာသူများ အားလုံးကို လက်ခံစဉ်းစားပေးမည်ဟုဆို


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန် အစိုးရထံကို စိတ်ဝင်စားကမ်းလှမ်းတင်ပြမှုများ ရှိလာပါက လက်ခံစဉ်း စားပေးသွားမည်ဟု ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦး စောထွန်းအောင်မြင့် က ပြော သည်။
ဦးစောထွန်းအောင်မြင့်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှုနှင့် ပတ်သက်၍ တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်။ ယခု အစိုးရ လက်ထက်တွင် သုံးဦးမြောက် ခေါင်းလောင်းရှာဖွေသူ အဖြစ် ဦးကျော်ဝင်းအား ရှာဖွေခွင့်ပေးထားပြီး ယခုအချိန်ထိ ၎င်းအပြင် ခေါင်းလောင်းရှာဖွေမှုပြုလုပ်ရန် အခြားဆက်သွယ် ကမ်းလှမ်းထားသောအဖွဲ့များ မရှိသေးကြောင်း ရှင်းပြသည်။

ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေသူ ပုဂ္ဂလိက သင်္ဘောကပ္ပတိန် ဟောင်း ဦးကျော်ဝင်းအား ရေ လမ်းကြောင်း မထိခိုက်စေရန်နှင့် အများပြည်သူဆီမှ အလှူငွေ ကောက်ခံခြင်းမပြုလုပ်ရန် စည်း ကမ်းသတ်မှတ်ပေး ထားကြောင်း ဦးစောထွန်းအောင်မြင့်က ဆက် လက်ရှင်းပြသည်။

‘‘ငွေကြေးကောက်ခံရင် အ ရှုပ်အရှင်းတွေ ရှိလာနိုင်တာမို့ စည်ကမ်းကန့်သတ် ချက်အနေနဲ့ သတ်မှတ်လိုက် တာပါ’’ဟု ၎င်းက ဆိုသည်။

ယခုရှာဖွေသူ ကပ္ပတိန် ဟောင်း ဦးကျော်ဝင်းက ခေါင်း လောင်းကြီးကို ၎င်းပိုင်ဆိုင်သည့် ငွေကြေးဖြင့်သာ ရှာဖွေမည်ဖြစ်ပြီးအလှူခံမည်မဟုတ်ဟု ကတိပြု ထားသည်။

၂၀၁၄ သြဂုတ်နှင့် စက်တင် ဘာလများတွင် ဦးစံလင်းက ဓမ္မစေတီ ခေါင်းလောင်း ကို နဂါးအကူအညီဖြင့် ဆယ်ယူမည်ဟုဆိုကာ ရန်ကုန်မြစ်ဝ၌ ၄၄ ရက်ကြာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ဦးကျော်ဝင်းက အိပ်မက်အရ ရှာဖွေမည်ဟုဆိုကာ ဓမ္မစေတီခေါင်းလောင်းကို ရန်ကုန်မြို့ တောင်ဘက် ၁၀ မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံ ဆိပ်ကမ်းအနီး ကိုက် ၁၀၀ ၀န်းကျင် ရန်ကုန်မြစ်အတွင်း၌ ရှာဖွေနေခြင်းဖြစ်သည်။

‘‘မနေ့က မရှာဖြစ်ဖူး။ ရေ အောက်တိုင်းတာရေးစက်ကို သေချာအောင် လုပ်နေရလို့။

ဒီနေ့ သုံး ရက်မြောက်ပေါ့။ ရှာနေတုန်းပဲ။ ပုံရိပ်တွေတော့ ပေါ် တယ်။ မှန်း ထားတဲ့နေရာ လွဲနေသလားလို့။ စိတ်ရှည်ရှည်နဲ့ရှာနေတယ်’’ဟု ဦးကျော်ဝင်းက ပြောသည်။

ထို့အပြင် ခေါင်းလောင်းရှာ ဖွေမှုအတွက် ကြာမြင့်နိုင်သည့် ရက်ကာလကိုလည်း ကန့်သတ် ထားခြင်းမရှိဟု သတင်းရရှိသည်။

ဦးစံလင်းရှာဖွေခဲ့သည့် မြစ် သုံးမြစ်ဆိုင်နေရာတွင် ရှာဖွေမည် မဟုတ်ဘဲ ၎င်း၏ အိပ်မက်အရ နေရာပြောင်း ရှာဖွေခြင်း ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းကြီး ရှာ ဖွေဆယ်ယူရန် ဦးကျော်ဝင်းအား ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ပြီးခဲ့ သည့် ဒီဇင်ဘာ ၂၉ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ သြဂုတ်လတွင် ဦးစံလင်း ဦးဆောင်သောအဖွဲ့ ဓမ္မစေတီခေါင်းလောင်း ရှာဖွေစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment

My Blog List