Saturday, January 17, 2015

ဒုတိယမြောက် အမျိုးသား လွှတ်တော်၏ စစ်ဆေးကြားနာမှုသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် မလာရောက်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝါထရာသည် အငြင်းပွားဖွယ် ဆန်စပါး အမတော်ကြေး အစီအ စဉ် နှင့် ပတ်သက် ၍ထိုင်း အမျိုးသားဥပဒေပြုလွှတ်တော် NLA ရှေ့မှောက်တွင် ဒုတိယအကြိမ်မြောက် ကြားနာစစ်ဆေးခံရန် ဇန်နဝါရီ ၁၆ ရက် ကရောက်ရှိလာခြင်းမရှိဘဲ အဆိုပါအစီ အစဉ် တွင်ပါဝင်ခဲ့သည့် ဝန်ကြီးများကိုသာ ဖြေကြားရန် စေလွှတ်ခဲ့သည်။ ယခုကဲ့သို့ ၎င်းတက်ရောက်မ လာခြင်းအပေါ် ထိုင်းပါလီ မန် အမတ်များ ကဝေဖန် ခဲ့ကြသည်။
ထိုင်းအမျိုးသား ဥပဒေပြု လွှတ်တော်က လာမည့် သီတင်းပတ်တွင် ဝန်ကြီးချုပ်ဟောင်း ယင်လပ်ကို တတိယနှင့်နောက်ဆုံး အဖြစ်ကြား နာစစ်ဆေးသွားမည်ဖြစ်ပြီး ယင်းနောက်တွင် ဝန်ကြီးချုပ်ဟောင်း ယင်လပ် တာဝန်ဝတ္တရား ချိုးဖောက် ခဲ့ခြင်း ရှိမရှိ ဇန်နဝါရီ ၂၃ တွင် ဆုံးဖြတ်သွား မည်ဖြစ်သည်။

တာဝန် ချိုးဖောက် ခဲ့သည် ကိုတွေ့ရှိခဲ့ပါက ယင်လပ်သည် နိုင်ငံရေး လုပ်ခွင့် ငါးနှစ် တားမြစ် ခံရ မည်ဖြစ် သည်။ ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီး ချုပ်ဖြစ်ခဲ့သူ ယင်လပ်သည် ပြီးခဲ့သည့် မေလက စစ်တပ်၏ အာဏာသိမ်းမှုနှင့် အတူရာထူးမှ ဖယ်ရှား ခံခဲ့ရသည်။

နိုင်ငံတွင် လပေါင်းများစွာကြာ မငြိမ်မသက်ဖြစ်ခဲ့ပြီး နောက်ပိုင်းတရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ရန် လိုအပ်သည်ဟု ထိုင်းစစ်တပ်က ပြောကြားထားသည်။

နိုင်ငံရှိ ဆင်းရဲနွမ်ပါးသော လယ်သမားများ၏ ဝင်ငွေများတိုးတက်မှုကို ရည်ရွယ်သည့် စရိတ်မြင့်မားသော ဆန်စပါး အမတော်ကြေးထောက်ပံ့မှု အစီအစဉ်တွင် ယင်လပ်ပါဝင်သည့် အခန်းကဏ္ဍအပေါ် ကြားနာ စစ် ဆေးနေခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List