Thursday, January 15, 2015

ပြုပြင်ပြောင်းလဲရေးတွင် ကူညီမည်ဖြစ်ပြီး အားနည်းချက်များကိုလည်း ထောက်ပြ မည်ဟု ကန်ကုလသံအမတ်ပြော


မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျသည့် ကူညီပံ့ပိုးမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ် ပြီး မြန်မာအစိုးရ၏ အားနည်းချို့ ယွင်းချက်များကို ထောက်ပြဝေဖန်၍ အပြောင်းအလဲကို မလိုလားသူများအား ဆက်လက်စောင့်ကြည့်ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ၏ကုလသံအမတ် မစ္စဆမန်သာ ပါဝါကပြောကြားလိုက်သည်။
ဇန်နဝါရီ ၁၃ ရက်က အမေရိကန်ပြည်ထောင်စုတွင် အထက်လွှတ်တော်ခေါင်းဆောင် မက် ကောနယ် ဦးဆောင် ကျင်းပသည့် ဆွေးနွေးပွဲ၌ မြန်မာအပေါ်ထားရှိသည့် အမေရိကန်၏နိုင်ငံခြား ရေးမူဝါဒနှင့် ပတ်သက်၍ ၎င်းက အထက်ပါ အတိုင်း ပြောကြား သွားခြင်းဖြစ်သည်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး နှင့်ပတ်သက်၍ ဝေဖန်ထားသည့် ဗြိတိန်ဝန်ကြီးချုပ်၏ စာတမ်းနှစ် စောင်ထွက် ရှိပြီး တစ်ပတ်အတွင်း အမေရိကန်ပြည်ထောင်စု၏ မြန်မာအပေါ်ထားရှိသည့် နိုင်ငံ ခြားရေးမူဝါဒနှင့် ပတ်သက်၍ ပထမဆုံး အကြိမ်ပိတ်ဆို့အရေးယူမှုပြန်လည်ပြုလုပ်မည်ဖြစ် ကြောင်း ကန်ကုလသံအမတ် က ပြောကြားခြင်းလည်းဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်၏ ဝေဖန်စာအပေါ် မြန်မာသမ္မတရုံးမှ အကြီးတန်းအရာရှိ က ပြည်တွင်း ရေးကိုစွက်ဖက် ရာရောက် ကြောင်း ပြန်လည်တုံ့ပြန်ထား သည်။

ထို့ပြင် သံအမတ်က မြန်မာ နိုင်ငံတွင်ပြုပြင်ပြောင်းလဲမှုအချို့ တိုးတက်လာခြင်းကိုတွေ့ရသော်လည်း လူ့အခွင့်အရေး လေးစားမှုရှိသော ဒီမိုကရေစီစနစ်နှင့် အလှမ်းဝေးနေပြီး တစ်ဖက်တွင် သတင်းသမား များဖမ်းဆီးထောင် ချခံနေရဆဲဖြစ်ကြောင်း မစ္စဆမန် သာကထောက်ပြသည်။ ရခိုင်ပြည်နယ်တွင် လူသား ချင်း စာနာ ထောက်ထားမှုအခြေအနေများ ဆိုးရွားနေပြီး ပဋိပက္ခများအတွင်း မွတ်စလင်များအပေါ် အကြမ်း ဖက်မှုများကျူးလွန်ခဲ့သူများကို အရေးယူမှုများ မတွေ့ရသေး ကြောင်း ၎င်းကပြောကြားသည်။

သို့သော် အပြောင်းအလဲ များကို ဆက်လက်ထောက်ခံမည် ဖြစ်ပြီး အပြောင်းအလဲကိုမလို လားသူများ ကိုလည်း ဆက်လက် စောင့်ကြည့်၍ ပိတ်ဆို့အရေးယူ သွားမည်ဖြစ်ကြောင်း မစ္စဆမန် သာကပြောကြား သည်။

လက်ရှိအမေရိကန်ပြည် ထောင်စုတွင် အဓိကပါတီကြီး နှစ်ခုဖြစ်သည့် ဒီမိုကရက်နှင့် ရီပက်ဘလေကန် ပါတီနှစ်ရပ်မှာ သဘောထားကွဲလွဲမှုများပြင်း ထန် နေသော်လည်း မြန်မာအပေါ်ထားသည့် နိုင်ငံခြားရေး မူဝါဒနှင့် သဘောထားမှာမူ တူညီနေ ကြောင်း ၎င်းကပြောကြားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မြန်မာနှင့်ပြန်လည်ထိတွေ့ဆက်ဆံပြီး လေးနှစ်အတွင်းကန်အစိုးရက ပြည်ထောင်
စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ် ပိုင်းခေါင်း ဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို ပဋိပက္ခများပေါ်ပေါက်ရန် လှုံ့ဆော်မှု၊ အကျင့်ပျက်ခြစားမှုနှင့် အတိုက်အခံနိုင်ငံရေးအင် အားစုများကို ဖြိုခွင်းရာတွင် တာဝန်ရှိသည်ဆိုသည့် အချက်များဖြင့် ပိတ်ဆို့မှုစာရင်းသွင်းခဲ့ သည်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲ ရေးကာလအတွင်း ဥပဒေရေး ကဏ္ဍပြုပြင်ပြောင်း လဲမှုအတွက် လက်ရှိအစိုးရ လက်ထက် ပြဋ္ဌာန်းထားသော ဥပဒေသစ်များနှင့် ဥပဒေကြမ်းများကြောင့် လက်ရှိ တွင် နိုင်ငံရေးအကျပ် အတည်း အချို့အပေါ် သက်ရောက်နေပြီး တရားဥပဒေစိုးမိုးမှုအခြေအနေ မှာလည်း အားနည်းနေကာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများမှာ ဖိနှိပ်မှုများနှင့်ကြုံတွေ့နေရ ကြောင်း ဇန်နဝါရီ ၁၄ ရက်က ပြုလုပ် ခဲ့သည့် အရပ်ဘက်လူထု အဖွဲ့အစည်းများနှီးနှော ဖလှယ် ရေးကော်မတီက သတင်းစာရှင်း လင်းပွဲ၌ ပြော ကြားခဲ့သည်။

ယခုပြောကြားချက်နှင့်ပတ် သက်၍ သမ္မတရုံးအကြီးတန်း အရာရှိတစ်ဦးက မည်သည့်ပိတ် ဆို့မှုမျိုးကိုမဆို သမ္မတက ကန့် ကွက်ထားပြီး ပိတ်ဆို့မှုများ က ပြု ပြင်ပြောင်းလဲရေးကိုအကျိုးမဖြစ် စေဘဲ ပြည်သူများကို ထိခိုက်စေ ကြောင်း တုံ့ပြန်ပြောကြားသည်။

ထို့ပြင် မည်သူ့တိုက်တွန်း ချက်ဖိအားပေးမှုကိုမှ စိုးရိမ်၍ မဟုတ်ဘဲ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်း ကို ရှေ့ဆက်သွား မည်ဟု သမ္မတကပြောကြားထား ပြီး ရိုဟင်ဂျာအရေးကိစ္စမှာလည်း ပြဿနာကို ပိုမိုကြီး ထွားအောင် သွေးထိုး လှုံ့ဆော်ပေးနေသူများ ထဲတွင် အမေရိကန်အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း များစွာပါဝင်ကြောင်း ၎င်းကစွပ်စွဲ ပြောကြားသည်။

‘‘နိုင်ငံသားဥပဒေက ၁၉၈၂ ကတည်းကပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေဖြစ် တယ်။ အစိုးရက အခုမှတင် သွင်းတာမဟုတ်ဘူး။ ဒီတော့ ဒီနားလည်မှုအလွဲ အမှား က မြန်မာနိုင်ငံအပေါ် ဘယ် လောက် ထဲထဲဝင် ဝင်လေ့လာ ထားသလဲ၊ မလေ့လာထားဘူးလဲ ဆိုတဲ့အချက်ကိုပေါ်လွင်စေပါတယ်။ ဥပဒေဆိုတာက နိုင်ငံ တစ် နိုင်ငံရဲ့ အချုပ်အခြာအာဏာပဲ။ အစိုးရဆိုတာက အဲဒီဥပဒေတွေ အတိုင်းပဲဆောင်ရွက်ရမှာပဲ။ ဒီဥပဒေတွေကိုကျော်လွန်ပြီးလုပ် ပေးလို့မရဘူး။ လုပ်ပေးမှာလည်း မဟုတ်ဘူး’’ဟု ၎င်းကပြောသည်။

ထို့ပြင် အမေရိကန်အစိုးရ အနေဖြင့် တာလီဘန်၊ IS၊ အီဂျစ် ပြဿနာများကိုနမူနာ ယူ၍ မြန်မာနိုင်ငံ၏ ဘင်္ဂါလီပြဿနာကို နက်နက်ရှိုင်းရှိုင်းချဉ်းကပ်ရန်လို ကြောင်းနှင့် IS များကို ထောင်ချီ နှိမ်နင်းနေသော် လည်း မြန်မာနိုင်ငံတွင် ဘင်္ဂါလီအရေးမြှင့် တင်မည့် လူ့အခွင့်အရေးမူဝါဒမျိုးကိုမူ လက်မခံကြောင်းနှင့် မြန်မာ က အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံဖြစ်ကြောင်း သမ္မတရုံးအကြီး တန်းအရာရှိက တုံ့ပြန်ပြော ကြား သည်။


7Day News Journal

No comments:

Post a Comment

My Blog List