Friday, January 16, 2015

နှစ်တစ်ရာပြည့် အထိမ်းအမှတ် ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် မြေနေရာမရလျှင် ဆန္ဒပြမည်


ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကြေးရုပ်တုထားရှိရန် မြေနေ ရာတောင်းဆိုမှု မရလျှင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ဆန္ဒပြတောင်းဆိုသွားမည်ဟု နှစ်တစ်ရာပြည့် ဗိုလ်ချုပ်ကြေး ရုပ်ဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ဦးစိုးသီဟ ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း (ကျောက်ဆည်) က ပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်သည် လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်၁၀၀ ပြည့် မွေးနေ့ဖြစ်၍ ဗိုလ်ချုပ်၏ ရာပြည့် အထိမ်းအမှတ်အဖြစ် ကျောက်ဆည်မြို့တွင် ထားရှိသွားရန် မြေနေရာပေး ရန် တောင်းဆိုနေခြင်းဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်တု မြေနေရာ ချထားပေးရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် တိုင်းဒေ သကြီး အစိုးရအဖွဲ့ထံ စာတင်ပြတောင်းဆို ထားပြီး ဇန်န၀ါရီ ၁၈ ရက်အထိ အကြောင်းပြန်ကြားမှု ကို စောင့်ဆိုင်းသွားမည် ဖြစ်သော်လည်း တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်းမရှိပါက ဇန်န၀ါရီ ၁၈ ရက် ညနေတွင် သက်ဆိုင်ရာသို့ ဆန္ဒပြရန် စာတင်ပြသွားမည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ အကြောင်းပြန်တာကို စောင့်မယ်။ သတ်မှတ်ချိန်ထိ ဘာမှမပြန်ဘူးဆိုရင် ဆန္ဒပြဖို့ စာတင် မယ်။ မြေနေရာ မရမချင်းပြမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်နှစ်တစ်ရာပြည့်က ရောက်တော့ မယ်။ ရုပ်တုကလည်းရနေပြီ မြေနေရာ မရသေးတော့ ဘာမှဆက်လုပ်လို့ မရသေး ဘူး”ဟု ဦးစိုးသီဟ က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ် ထားရှိနိုင်ရန်အတွက် ကျောက်ဆည်မြို့လမ်းဆုံ အထက(၁)ကျောင်း တောင်ဘက်နှင့် ပြည် သူ့ပန်းခြံတွင် ထားရှိ ခွင့် တောင်းဆိုထားခြင်း ဖြစ်သည်။ ကျောက်ဆည်မြို့တွင် ဗိုလ်ချုပ်ဂုဏ်ဒြပ်နှင့် ကိုက် ညီသောနေရာတွင် ထားရှိရန်သာ တောင်း ဆိုခြင်း ဖြစ်သည်။

ဦးသန်းညွန့်အောင်က “ကျွန်တော်တို့ မြို့ ပြယုဂ်တစ်ခုပဲ။ အားလုံးအတုယူလေးစား ဂုဏ်ပြုရမယ့် ဗိုလ် ချုပ်အောင်ဆန်းကို ထားရှိဖို့ မြေနေရာ ချထားမပေးသေးတာကတော့ နားမလည်ဘူး။ ဒီအစိုးရကို မေးချင်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းအတွက် ကျွန်တော်တို့ ကျောက်ဆည် မှာ မြေမရှိတော့ဘူးလား။ တစ်မြို့ လုံးကို ကြိုက်တဲ့ အချိန်လာမေးပါ။ ကန့်ကွက်သူ မရှိပါဘူး” ဟု ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ သွန်းလုပ် ပြီးစီးနေပြီဖြစ်သော်လည်း ထားရှိရန် မြေနေရာ မရရှိသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List