Thursday, January 15, 2015

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းကို ယာဉ်တွင်တပ်ဆင် သွားလာနေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေ


IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ် တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့် စာတန်းအား ယာဉ်တွင်တပ် ဆင်ကာ သွားလာနေသည့်ပုံမှာ လူမှုကွန်ရက် စာမျက်နှာ တွင်ပျံ့နှံခဲ့ပြီးနောက် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင် အား ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင်မော် တော်ယာဉ်တစ်စီးမှာ IS အကြမ်းဖက် အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟု ယူဆရသည့် စာတန်းအား ယာဉ်၏နောက်ကျောဘက်၌ကပ်ကာ ရန်ကုန်မြို့အတွင်း မောင်း
နှင်နေသည့်ပုံ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့က ညနေပိုင်းတွင် အဆိုပါယာဉ်နှင့် ယာဉ်ပိုင်ရှင်အား ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

IS အကြမ်းဖက်အဖွဲ့၏ အလံအမှတ်တံဆိပ်နှင့် ဆင်တူသည်ဟုယူဆရသည့် စာတန်းအား ယာဉ်နောက်ကျောဘက်တွင် ကပ်ကာ မောင်းနှင်နေသည့် မော်တော်ယာဉ်မှာ ယာဉ်အမှတ် (YGN)4I-1056 ဖြစ်ပြီး ၎င်းယာဉ်ကို တာမွေမြို့နယ် ၁၉၅ လမ်းရှိ နေအိမ်တစ်အိမ်တွင် တွေ့ရှိခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

“ဒီကားကို က.ည.နရုံးနဲ့ မှတ်ပုံတင်ဌာနမှာ စုံစမ်းကြည့်တော့ တာမွေမြို့နယ်က လို့ သိရတယ်။ ကားနဲ့ယာဉ် ပိုင်ရှင်ကိုလည်း တာမွေမြို့နယ်ထဲကပဲ ဖမ်းဆီးရမိတယ်။ လက်ရှိတော့ ယာဉ်ထိန်းတပ်ဖွဲ့ အနေနဲ့ ယာဉ်ထိန်း ဥပဒေနဲ့ပဲ အမှုဖွင့် ထားပါတယ်။ အခုတော့ ရဲတပ်ဖွဲ့အနေနဲ့ ဆက်လက်စစ်ဆေး နေပါတယ်” ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အရှေ့ပိုင်းခရိုင်ရဲတပ်မှူး ရဲမှူးကြီးမြင့်ထွေးက “ဘာကြောင့် ဒီလိုလုပ်လည်းဆိုတာ မသိရသေးဘူး။ ယာဉ်နောက်ကျောမှာ ကပ်ထားတဲ့ စာတန်းရဲ့အဓိပ္ပာယ် ကိုတော့ သေသေ ချာချာသိရအောင် စုံစမ်းနေ တယ်။ လောလော ဆယ် အတိအကျ ပြောပြလို့ မရသေးဘူး” ဟု ဇန်နဝါရီ ၁၄ ရက် ညပိုင်းတွင် ပြောကြား သည်။

လက်ရှိတွင် ယာဉ်မောင်းအား ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြု လုပ်ကာ ယာဉ်ထိန်းဥ ပဒေဖြင့် အမှုဖွင့်ထားသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို ဇန်နဝါရီ ၁၄ ရက် ည ၁ဝ နာရီခွဲ ခန့်တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့သော်လည်း အသေးစိတ် မပြောနိုင်သေးကြောင်း ပြန်လည်ဖြေ ကြားသည်။


Eleven Media Group

No comments:

Post a Comment

My Blog List